"အပြင်မှာအသံကြားရတယ်၊ ဧည့်သည်တွေ ရောက်နေတာထင်တယ်ကျွန်တော်တို့သူတို့နဲ့ လိုက်သွားကြမယ် ၀မ်ကော...၀မ်ကော..!ထလို့.... "၀မ်အန်းရဲ့ဆူညံ နေသော အသံအပြင် ၊ထိုကလေးကမိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရမ်းကာပင် နှိုး နေသည်ကြောင့် မှီမှီရာကို ခြေထောက်နဲ့စောင့်ကန်မိသည်အထိပင်....
"အိပ်ပါရစေ၊ မင်းနဲ့ မင်းသဘောကျတယ်ဆိုတဲ့ အကိုကငါ့ကို တစ်ညလုံးအိပ်မရအောင် စနောက်နေကြတာလေ.... "
ငြီးငြူကာပြောလိုင်ရင်း ရိပေါ်က ခေါင်းမှာအုံးနေသောခေါင်းအုံးကို ဆွဲထုတ်လိုက်ပြီး ပေါင်ကြားထဲညှပ်ထားလိုက်သည်။
"အပြင်မှာ မြို့ဘက်ကလူတွေရောက်နေတယ်လို့၊ကျွန်တော်တို့ သူတို့နဲ့လိုက်သွားမယ်လေနော် ရိပေါ်ကောရေ...
၊lucasက လာခေါ်တာကြာဦးမှာ သားကအခုထိစာတစ်လုံးမှမကျက်ရသေးဘူး.... "၀မ်အန်းစာမေးပွဲရှိသည်ကို သတိရမိတော့ ရိပေါ်အိပ်ချင်မူးတူးနှင့်မျက်နှာကိုရှုံ့မဲ့ထားလိုက်ပြီး
"အင်းအင်း လိုက်ခဲ့မယ်၊အန်းအန်းရာ...."
ရိပေါ်ကပြောလည်းပြောရင်း နားနှစ်ဖတ်ကိုအမြန်ပိတ်ထမိသည်။
နားနှစ်ဖတ်ကိုပိတ်ထားရင်း ဘာလုပ်ရှားမှုမှ မကြားရသောကြောင့် မျက်လုံးတွေကိုဖြေးညှင်းကာဖွင့်လိုက်သည်၊ ဆောင့်အောင့်အောင့် နှင့်ထွက်သွားပြီဖြစ်သော ကျေးဇူးရှင်လေးကြောင့် ခန္ဓာကိုယ်ကို စောင်းနေလျက်ကနေ ပက်လက်လှန်လိုက်သည်။
အခန်းအပူချိန်ကြောင့် ရိပေါ်ရဲ့လည်ပင်းတွေအပြင် နထင်မှလည်းချွေးစတို့ ကပ်ငြိနေတယ်
အိပ်ရေးမ၀တာရက်တွေဆက်နေသည်ကြောင့် ရိပေါ်အတော်လေးပင်ပန်းနေသလိုခံစားရပြီး ခေါင်းထောင်ထူနိုင်ဖို့အနိုင်နိုင်ပင်...."Luthar..! "
ဘေးမှ အသေကောင်လိုအိပ်နေသော lutharရဲ့ဗိုက်ပေါ် ခြေထောက်ပစ်တင်လိုက်သော်လည်း...ရိပေါ်ရဲ့ခြေထောက်ကိုဖမ်းဆွဲကာ ထိုကောင်က ခြေမကို ရုတ်တရက်သူ့ပါးစပ်ဖြင့် လာစုတ်သဖြင့် အလန့်တကြားဖြင့်ကုန်းထမိသည်။