"ရိပေါ်မင်းအဆင်ပြေရဲ့လား"
"lucasကားမောင်းနေရင်း၊ဘေးနားမှာမလှုပ်မယှက်ငြိမ်နေသောရိပေါ်ကိုစိတ်ပူစကားမေးမိသည်။"
"အင်း၊အဆင်မပြေဘူး။"
"အမ်?"
"အဆင်မပြေဘူးလို့!အခုငါ့ပုံစံကအဆင်ပြေတဲ့ပုံပေါက်နေလို့လား။"
"အင်း အင်းပါ၊စိတ်လျော့၊ငါအခုဘယ်ကိုမောင်းပို့ပေးရမလဲ။"
"မောင်းချင်တဲ့နေရာသာမောင်း"
"ဟမ်? ရိပေါ်အဲ့ဒီ့လိုမလုပ်နဲ့လေ၊မင်းcompanyမှာအလုပ်တွေကျန်ခဲ့တယ်မလား၊ငါcompanyကိုဘဲ
မောင်းလိုက်မယ်လေ။""မသွားဘူးcompanyကို"
"ရစ်နေတဲ့ရိပေါ်ကြောင့်၊lucasဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်"
"ရိပေါ်ရာမင်းအလုပ်တွေရှိသေးတယ်လေကွာ"
"ကိစ္စမရှိဘူး၊အတွင်းရေးမှူးယီရှိတယ်၊သူ့ကိုအလကားခန့်ထားတာမဟုတ်ဘူး။"
"အင်း၊မင်းရဲ့အတွင်းရေးယီကိုတော့ငါသနားမိတယ်"
"မင်းကသူ့ကိုသနားရမှာမဟုတ်ဘူး၊ငါ့ကို ငါ၀မ်ရိပေါ်
ကိုသနားရမှာ။"၀မ်ရိပေါ်ရဲ့ကိုယ့်ကိုကိုယ်ဦးစားပေးချင်တဲ့စိတ်ကလေးကအခုထိမပျောက်သေးဘူး၊ချစ်ဖို့ကောင်း
လိုက်တာကွာ၊၀မ်းနည်းစရာကောင်းတာက
ငါlucas က မင်း ၀မ်ရိပေါ်ကိုမပိုင်ဆိုင်တော့ဘူးဆို
တဲ့အသိဘဲ။"အင်းပါသနားဖို့ကောင်းတဲ့မင်းရယ်၊အခုလောလောဆယ်တော့ဘယ်သွားချင်လဲ။"
"မင်းအစ်ကိုပိုင်တဲ့clubကိုသွားမယ်"
"ရိပေါ်မင်း...."
"မရဘူးသွားမှာ၊သွားမှာလို့!!"
ကလေးဆိုးလေးတစ်ယောက်လိုမကြာခင်ခြေတွေဘာတွေတောင်ဆောင့်တော့မလားဘဲ။
"အင်းအင်းလိုက်ပို့မယ်၊ဒါပေမဲ့...."
"Lucas!!!"
"လန့်လိုက်တာရိပေါ်ရာ၊ငါကားမောင်းနေတယ်ဆို
တာသတိရလေကွာ။""အင်း sorry"
sorryတစ်ခွန်းပြောပြီး၊မျက်နှာကိုကားမှန်ဘက်ကို
လှည့်သွားသည်၊ရိပေါ်ကအချစ်နဲ့ပတ်သတ်ရင်သိပ်
ကံခေတာ။အတိတ်ကဖြစ်ရပ်တွေကလှပမှုတွေနဲ့
အတူစိတ်မကောင်းစရာတွေနဲ့ပါရောယှက်နေတယ်။