[ဘယ်ကမ္ဘာတုန်းကရေးထားမှန်းမမှတ်မိတော့လို့ အရေးအသားအတွက်အာမမခံပါဘူးရှင်]"တီတီရန်ကျွန်တော်အလုပ်သွားတော့မယ်"
"ဟုတ်ကဲ့သခင်ကြီး မနက်စာကောစားပြီးပြီလား"
"မစားတော့ဘူးကျွန်တော်အလုပ်မှာဘဲတစ်ခါတည်း
စားလိုက်တော့မယ်၊ဒီနေ့companyမှာအရေးကြီးဧည့်သည့်လာမှာမို့လို့၊
ဒါနဲ့တီရန် အန်းအန်းလေးကိုသွားနှိုးလိုက်ပါ
ဦးအဲ့ဒီ့ကလေးကျောင်းပိတ်ထားတယ်ဆိုတော့အပျင်းတစ်နေမှာ။""ဟုတ်ကဲ့သခင်ကြီးရိပေါ်"
ရိပေါ် တီတီရန်ကိုနှုတ်ဆက်ပြီးအလုပ်ဘက်ကိုကား
ဖြင့်ထွက်လာခဲ့လိုက်သည်၊ရိပေါ််ဘ၀ရိုးရိုးလေးပါဘဲ
သာမန်companyတစ်ခုရဲ့အသက်28နှစ်အရွယ်
Ceoတစ်ယောက်၊၀မ်အန်းအန်းဆိုတဲ့ညီတစ်ယောက်
ရှိတယ်၊ညီအရင်းတော့မဟုတ်ဘူးပေါ့ရိပေါ်အဖေ
ရဲ့နောက်မိန်းမတွေထဲကသားတစ်ယောက်။ဒုန်း!!
ရိပေါ်အတွေးလွန်နေတုန်းကားအရှေ့ကနေဖြတ်ပြေး
လာသောလူတစ်ယောက်
ကျစ်!ဘယ်လိုကောင်လဲကွာ ကားအရှေ့ကလာဖြတ်
ရတယ်လို့။နောက်ကျနေ ပြီဆိုမှ။ရိပေါ်ကားပေါ်ကနေဆင်းလာလိုက်သည်
ခြေထောက်တစ်ဖက်ကိုကိုင်ပြီးခေါင်းငုံ့ထားတာကြောင့်မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရ
ကိုယ်ကားကြောင့်ဆိုတော့လည်းတာ၀န်ယူရမှာပေါ့"ဟိုကောင်လေးဘာဖြစ်သွားသေးလဲ"
"ဟင့်!နာတယ်"
"ဟမ်!တော်တော်နာနေလာ"း
ငုံ့ထားတဲ့ခေါင်းလုံးလုံးလေးကမျက်ဝန်းထဲမှာမျက်ရည်ကြည်လေးတွေနဲ့ရိပေါ်ကိုမော့ကြည့်သည်
ကောင်လေးကအလွန်ဆုံး15နှစ်16နှစ်လောက်တော့
ရှိမယ်၊တော်တော်ငယ်သေးတာဘဲ။"လာထဦးဆေးခန်းလိုက်ပို့မယ်"
"ဟင့်!မထနိုင်ဘူးချီ"
"ဟမ်?"
"ဟိုမှာ ဟိုမှာ တွေ့ပြီသူခိုးကို"
လူသုံးယောက်လောက်ရိပေါ်တို့ရှိရာကိုပြေးလာကြသည်
"သူခိုးကောင်လေး မင်း!ထ မင်းကိုရဲစခန်းပို့ရမယ်"