Arc-2End(ေခတ္သစ္စင္ဒရဲလား/ခေတ်သစ်စင်ဒရဲလား)

3.2K 544 27
                                    

Zawgyi

"ကန်လ်! သတိထား!"

နီကိုးလ်အော်သံကြောင့် ကန်လ်ဟာ ရှောင်ရန်စဉ်းစားလိုက်ပေမယ့် Eiraဆီကနေ တာဝန်ပြီးဆုံးပြီ ဇာတ်လိုက်က အဓိကဇာတ်ကောင်ပေါ် တစ်ရာရာခိုင်နူန်းချစ်ကျွမ်းဝင်သွားပြီဖြစ်​ကြောင်း ပြောလာသည့်ချိန်မှာ ကန်လ်ဟာ သူရှောင်ရန်ကြိုးစားနေသည်ကို ရပ်တန့်လိုက်တော့သည်။ဒါကြောင့် လီရိုနာရဲ့ရိုက်ချက်ဟာ ကန်လ်ရဲ့ခေါင်းအနောက်ဘက်ကို ပြင်းထန်သည့်အရှိန်နဲ့ကျလာတော့သည်။

နီကိုးလည်းလဲကျသွားသည့်ကန်လ်ကြောင့် မြေပြင်ပေါ်ဒူးထောက်လိုက်ပြီး သူရဲ့အပေါ်အင်္ကျီလက်ရှည်အပါးဖြင့် ကန်လ်ရဲ့ခေါင်းအနောက်ဘက်ကို ခုကာအုပ်ပေးရင်း

"ကန်လ်!! ခဏ...ငါ...ဆေးရုံ...ကို ဖုန်း...ဆက်ပေးမယ်" လို့ စိုးရိမ်သည့်အသံဖြင့်ပြောနေပေမယ့် ကန်လ်ဟာ ပြန်အကြောင်းမပြန်လာတာကြောင့် သူ့မှာ ပိုကြောက်လန့်လာတော့သည်။

[Snow: အရှင်သခင် 'အရာအားလုံးကို မူလနေရာပြန်ထားရန်'ဆိုသည့် တာဝန်ကို ပြီးဆုံးသွားပါပြီ၊နောက်ကမ္ဘာပြောင်းချင်ပါသလား Yes or No]လို့ မြွေဖြူလေးEiraအသံကြားသည့်ချိန်မှာ သူဟာ Yes ပြောရန်ရှိသေးသည်။သူရဲ့ဦးနှောက်ဟာ ပြင်းထန်စွာထိုးကိုက်လာပြီး အသံခပ်တိုးတိုးကို ကြားလာတော့သည်။

* မသွားနဲ့အုန်း *

* မသွားနဲ့အုန်း ငါ နီကိုးလ်ကို ပြောစရာတွေရှိသေးတယ် *

'မင်းက ဘယ်သူလဲ' ကန်လ် သူ့ခေါင်းထဲကနေကြားနေရသည့်အသံကြောင့် ပြန်မေးလိုက်သည်။

* ငါက ဒီခန္ဓာကိုယ်ပိုင်ရှင်ပဲ ကန်လ်ဝီလ်စလန်ပဲ *

'မင်း ငါ့ကိုဘာလို့မသွားခိုင်းရတာလဲ ဒီအရှင်သခင်ကို မင်းအမိန့်ပေးခိုင်းစေနိုင်မယ်ထင်နေလား' လို့ Scarletဟာ ကန်လ်ကို မေးလိုက်သည်။
(A/N: ကန်လ်တွေ ရောသွားမှာဆိုးလို့ Scarletပဲ သုံးပေးထားတယ်)

* မြင့်မြတ်လှတဲ့အရှင်သခင် ငါ တောင်းဆိုတာပါ... တကယ်လို့ မင်းထွက်သွားခဲ့ရင် ငါက ကိုမာလူနာအဖြင့် တသက်လုံးဆက်ကျန်ရစ်ခဲ့ရလိမ့်မယ် *

Dei?No That's My Abode (System)Where stories live. Discover now