Arc-2.1(ေခတ္သစ္စင္ဒရဲလား/ခေတ်သစ်စင်ဒရဲလား)

5.1K 721 22
                                    

Zawgyi

Scarlet သူရဲ့မျက်လုံးများကို ဖွင့်လိုက်သည့်ချိန်မှာ ထုံးစံအတိုင်း ဆေးရုံကို ရောက်နေခဲ့ပြန်သည်၊သူဟာ ပတ်ဝန်းကျင်ကို မကြည့်ပဲ မျက်နှာကြပ်ကို ကြည့်နေရင်း...

'ဘာလဲဘဒီခန္ဓာကိုယ်က ကိုမာဝင်တဲ့သူပဲလား' လို့ စိတ်ထဲကနေ ပြောလိုက်တော့ မြွေဖြူလေးဟာ ခေါင်းလေးညိတ်လာရင်း

[Snow: အရှင်သခင်ဆီ Eira ဒီကမ္ဘာနဲ့သက်ဆိုင်တဲ့ မှတ်ဥာဏ်တွေ ပို့ပေးမယ်!!]လို့ ပြောလိုက်ရင်း သူရဲ့ဦးနှောက်ထဲကို များစွာသော မှတ်ဥာဏ်များဝင်ရောက် ထိုးဖောက်လာတော့သည်၊

ဒီကမ္ဘာဟာ ခေတ်သစ်ကမ္ဘာဖြစ်ပြီး ဇာတ်အိမ်နှစ်ခု ကွဲထွက်နေခဲ့သည်၊ တော်ဝင်မျိုးနွယ်တွေဟာ လူတွေရဲ့အလေးထားမှုကို ခံရပေမယ့် စီးပွားရေးရှင်တွေနဲ့ ယှဉ်ရင်တော့ နောက်ကောက်မြဲပင်၊ ဒီကမ္ဘာရဲ့ဇာတ်လိုက်ဟာ ဟိုက်မက် ရော့လ်လက်မစ်ဖြစ်ပြီး ရော့လ်လက်မစ်အိမ်တော်ရဲ့အဓိကဆက်ခံသူဖြစ်သည်၊ထူးခြားသည်ဟာ ရော့လ်လက်မစ်ဟာ မိခင်ကော ဖခင်ကောဟာ ဆုံးပါးသွားခဲ့ပြီးနောက်မှာတော့ ဟိုက်မက်ဟာ သူ့မိထွေးရဲ့အကောက်ကြံမှုအမျိုးမျိုးကို ခံခဲ့ရတော့သည်၊သူရဲ့ဖခင်ဟာ မိသားစုပိုင်ဆိုင်ခဲ့သည့်အမွေ 70%ကို ဟိုက်မက်နာမည်ဖြင့် လွဲပြောင်းခဲ့တာကြောင့် ကျန်ရစ်သူမိသားစုဝင်တွေဟာ မကျေမနပ်ဖြစ်ကြတော့သည်၊မိထွေးဟာလည်း ဟိုက်မက် အသက်(18)နှစ်မပြည့်သေးသည်နှင့်ကိုင်ပေါက်ကာ ရော့လ်လက်မစ်ပိုင်စီးပွားရေးဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကာ လုပ်ချင်သလို လုပ်နေတော့သည်၊မိထွေးရဲ့သားနှစ်ယောက်ဟာလည်း ဟိုက်မက်ကို အိမ်မှာပင် အနိုင်ကျင့်ရုံသာမက ကျောင်းမှာလည်း အစေခံတစ်ယောက်လို ဆက်ဆံကြတော့သည်၊အဓိကကတော့ အကြီးဆုံးသား လီရိုနာဟာ အဆိုးဆုံးဖြစ်သည်၊သူဟာ မောက်မာကာ ကြမ်းတမ်းသည့်စရိုက်ရှိသူပီပီ အမြဲတမ်း ဟိုက်မက်ကိုအနိုင်ကျင့်ခဲ့သည်၊ ဒါပေမယ့် မိထွေးဟာ ဟိုက်မက်ကို တက္ကသိုလ်ကျောင်းဘော်ဒါအဖြင့် စေလွှတ်ခံပြီးနောက်မှာတော့ အရာအားလုံးဟာ ပြောင်းလဲခဲ့သည်၊ဟိုက်မက်ဟာ ပြန်လည်ရုန်းကန်ထနိုင်ရုံသာမက ကြောင်တစ်ကောင်ကနေ ခြင်္သေ့တစ်ကောင်သို့ပြောင်းလဲနိုင်ခဲ့သည်၊သူဟာ သူ့မိထွေးလက်ထဲကနေ သူ့ဖခင်သူ့အတွက်ထားရှိတာတွေ ပြန်ယူနိုင်ခဲ့သည်၊

Dei?No That's My Abode (System)Where stories live. Discover now