Arc-3.8(Zombies are cool but I wanna kill them)

1.1K 246 8
                                    

Zawgyi

အမ်လန်တို့အဖွဲ့ဟာလည်း လက်နက်တွေကို အသင့်ပြင်ပြီး တိုက်ခိုက်နေတဲ့ဆီကိုသွားတော့သည်၊သူတို့ဟာ ဆူညံသံတွေမပေါ်အောင် လက်လွတ်စပယ်တော့ သေနတ်ကို အသုံးမပြုရဲသေးပေ၊

တိုက်ခိုက်နေတဲ့သူတွေဟာလည်း အသံတိတ်ပစ္စတိုနဲ့ဓားရှည်တစ်ချို့ကိုသာ အသုံးပြုပြီး ဇွန်ဘီတွေကို ပြန်လည်ခုခံနေတော့သည်၊ထိုထဲမှာ ခန္ဓာကိုယ်သေးသေးနဲ့အမျိုးသားလေးဟာလည်း အသံတိတ်ပစ္စတိုနဲ့ ဇွန်ဘီတွေရဲ့ခေါင်းကို ချိန်ကာပစ်ပေးနေတော့သည်၊ သူရဲ့ပစ်ခတ်မှုတွေဟာ ဇွန်ဘီတွေရဲ့နဖူးတည့်တည့်ဆီ တိကျမှန်ကန်စွာပစ်ခတ်နိုင်သည်၊

ဒါဟာ လူတိုင်းရဲ့အာရုံကို ဖမ်းယူရန်လွယ်ကူလှသည်၊ဘာလို့လဲဆိုတော့ ထိုလူငယ်ဟာ လက်လွတ်စပယ်ပစ်ခတ်နေခြင်းမဟုတ်ဘဲ ဓားကိုအသုံးပြုကာ တိုက်ခိုက်နေတဲ့သူတွေ အန္တရာယ်ကိုကြုံတွေ့တော့မည်အချိန်မှာ အနောက်ကနေ ပံ့ပိုးကူညီတိုက်ခိုက်ပေးခြင်းဖြစ်သည်၊

ဒါက အဖွဲ့တစ်ဖွဲ့ရဲ့အင်အားကို ပိုမိုမြှင့်တင်ပေးသည်နဲ့တူညီလှသည်၊အမ်လန်ဟာ ထိုလူငယ်ကိုကြည့်လိုက်ပြီး စိတ်ဝင်စားဖွယ်ဖြင့် ပြုံးလိုက်သည်၊

'ဒါက ဒီNovelစာအုပ်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ စီရယ်မလား...သူက တကယ်ချစ်ဖို့ကောင်းတာပဲ'

"ငါတို့ ဝင်ကူညီရအောင် အသံတိတ်သေနတ်ပစ်တဲ့အဖွဲ့က အနောက်ကနေ ငါတို့ကို ကူညီပေး... အက်ဇ် ကာလီဂို ဝင်ရအောင်" အလ်လီအိုက ပြောလိုက်ပြီးနောက်မှာ သူရဲ့ဓားရှည်ကိုထုတ်လိုက်ပြီးနောက်မှာ တိုက်ခိုက်နေတဲ့အဖွဲ့ကြားကို ပြေးဝင်သွားကြတော့သည်၊

"ငါတို့တွေ အတတ်နိုင်ဆုံး အမြန်အပြတ်ဖြတ်ရမယ် ဒါမှ အခြားဇွန်ဘီ မရောက်လာမှာ" အလ်လီအိုဟာပြောလိုက်ပြီး အနီးဆုံးက ဇွန်ဘီရဲ့ခေါင်းကို ဓားနဲ့ထိုးစိုက်ကာသတ်ဖြတ်လိုက်သည်၊ဇွန်ဘီတွေရဲ့အားနည်းချက်က ဦးခေါင်းဆိုတာ လူတိုင်းသိသည်၊

ပထမက တိုက်ခိုက်နေတဲ့သူတွေကလည်း အလ်လီအိုတို့အဖွဲ့ရောက်လာချိန်မှာ အားတက်သွားတော့သည်၊ပထမက သူတို့ဟာ ဒီဇွန်ဘီအုပ်ကိုတိုက်ခိုက်နေပေမယ့် မျှော်လင့်ချက်များများစားစားမထားရဲပေ၊သူတို့ရဲ့အဖွဲ့က လူသုံးဦးတောင် သေဆုံးပြီးပြီဖြစ်သည်၊ ဒါပေမယ့် အခုလို အကူအညီရောက်လာချိန်မှာ အားတက်သွားတာတော့ အမှန်ပေ၊

Dei?No That's My Abode (System)Where stories live. Discover now