Arc-3.7(Zombies are cool but I wanna kill)

1.3K 263 12
                                    

Unicode

ရှရှီရဲ့အော်ဟစ်ပြောဆိုလာမှုကြောင့် အမ်လန်ဟာ မျက်မှောင်ကြုတ်သွားတော့သည်၊ထိုနောက်မှာ သူဟာရှေ့ထွက်လာကာ ရှရှီကို ​စိုက်ကြည့်ရင်း ပြောလိုက်သည်၊

"ကုဒ်ကို ယုံကြည်ချက်ရှိရှိနဲ့ ရှေ့ကိုထွက်ပြီး ဖြေရှင်းချင်ခဲ့တာ မင်းလား ငါလား"

"အဲ့တုန်းက မင်းသိတယ်ဆိုရင်... " ရှရှီဟာ အံကြိတ်လိုက်ပြီး လက်မခံစွာဖြင့် အမ်လန်ကိုကြည့်ရင်းပြောလိုက်ပေမယ့် အမ်လန်ဟာ စကားကိုဖြတ်ပြောလိုက်သည်၊

"ကုဒ်ကို မင်းရဲ့ဖခင်ကိုယ်တိုင် မင်းကိုပြောပြခဲ့တာလို့မင်းပြောခဲ့ပြီး မင်းကိုယ်တိုင်အာမခံခဲ့တာလေ၊တကယ်လို့ ငါကလည်း ငါသိတယ်လို့ပြောရင် မင်းက အခုလိုပဲ ငါ့ကို အတိုက်အခံလုပ်အုံးမှာပဲမလား"

"အဟက် ကုဒ်ကို ငါဝင်ဖြေရှင်းသည်ဖြစ်စေ ဝင်မဖြေရှင်းသည်ဖြစ်စေ မင်းက ငါ့ကိုအပြစ်တင်အုံးမှာပဲလေ"

အမ်လန်ဟာ ရှရှီကိုစိုက်ကြည့်လိုက်ပြီးနောက်မှာ သူဟာ ပြုံးလိုက်သည်၊

"အိုမီဂါတွေက အားနည်းတယ်ဆိုပေမယ့် အနိုင်ကျင့်လွယ်ပြီး အထိခိုက်လွယ်တဲ့သူတွေကြီးပဲ မဟုတ်ဘူး... မင်းကိုယ်တိုင်တာဝန်ယူမှုမရှိဘဲ အိုမီဂါတစ်ယောက်ဆီကို လွဲချနေတာဆိုရင်တော့..."

"ရှရှီ မင်းလူရွေးမှားသွားပြီ" အမ်လန်ဟာ အခြားသူတွေဂရုမစိုက်ပေ၊သူပြောချင်တာ ပြောဆိုပြီးနောက်မှာ ထိုနေရာကနေ လှည့်ထွက်သွားတော့သည်၊အမ်လန်ခန္ဓာကိုယ်ထဲကဝိညာဥ်က နတ်ဘုရားတစ်ပါးဖြစ်တာကြောင့် အခြားသူ လာကျောပေးတာကို ခံမည်မဟုတ်ပေ၊သူဟာ ရှရှီကို အေးဆေးလွှတ်ထားရန်တွေးလိုက်ပေမယ့် ပြဿနာက သူ့ဆီတိုက်ရိုက်လာပတ်သတ်ချင်နေပုံရသည်၊

'ကူးပြောင်းလာတဲ့သူတိုင်းက ကိုယ့်အားကိုယ်ကိုးတဲ့သူတွေများပြီး ဇာတ်ကောင်တွေကိုတောင် ပြန်ကယ်တင်ပေးကျသေးတယ်မလား...ဒီဇာတ်ကောင်ရှရှီရဲ့စိတ်ဓာတ်ဟာ ဆိုးဝါးလှတယ်' အမ်လန်ဟာ စိတ်ထဲကနေ စိတ်ပျက်စွာမှတ်ချက်ပေးလိုက်သည်၊

မြွေဖြူလေးဟာလည်း ထောက်ခံစွာခေါင်းညိတ်လိုက်သည်၊ထိုလူသားဟာ Eiraရဲ့အရှင်သခင်ကိုတောင် အပြစ်လွဲချရဲတယ်၊

Dei?No That's My Abode (System)Donde viven las historias. Descúbrelo ahora