Zawgyi
နှစ်ပေါင်းသန်းပေါင်းများစွာ ကြာပြီးနောက်မှာ လူသားတွေဆိုတာ နတ်ဘုရားတွေရဲ့ဖန်တီးထားသည့် လောကနယ်မြေတွေဖြစ်လာတော့သည်၊လောကတွေကို ဖန်တီးရင်း လူသားတွေကို ကစားရသည်ကို ကြိုက်နှစ်သက်သည့် နတ်ဘုရားတွေကို တုန်လှုပ်စေသည့် နတ်ဘုရားတစ်ပါး မွေးဖွားလာတော့သည်၊ ထိုနတ်ဘုရားရဲ့မွေးဖွားလာပုံဟာ ထူးဆန်းလွန်းလှသလို လောကမှာ အလှဆုံးနေ့ရက်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်၊
ကောင်းကင်မှာ အနီရောင်သစ်ရွက်များနဲ့အနီရောင်ပန်းပွင့်များစွာ ရွာသွန်းလာခဲ့ပြီး မြေပြင်ရှိ စိမ်းလန်းစိုပြေနေသည့် သစ်ပင်များကနေ စားချင်စဖွယ် နီရဲရဲပန်းသီးများ အပြွတ်လိုက်အခိုင်လိုက် သီးစေခဲ့သည်၊ ထိုနောက် ကြည်လင်နေသည့် နတ်ဘုရားရေကန်ထဲကနေ ကြီးမားကာ ဖြူဖွေးသန့်စင်နေသည့် ကြာပန်းကြီးထဲကနေ ရွှေရောင်တလင်းလင်းတောက်ပကာ အားအင်ကြီးမားသည့် နတ်ဘုရားတစ်ပါးမွေးဖွားလာတော့သည်၊ ထိုနတ်ဘုရားမွေးဖွားလာသည့်ချိန်မှာ တလောကလုံးဟာ အနီရောင်ပန်းများ သစ်ရွက်များနဲ့ ဖုံးလွှမ်းစေခဲ့တာကြောင့် ထိုနတ်ဘုရားကို Scarlet လို အမည်တွင်စေခဲ့သည်၊ဒါပေမယ့် ရုပ်လေးနဲ့မလိုက်အောင် ဆိုးသွမ်းလွန်းလှသည့် နတ်ဘုရားဟာ နတ်ဘုရားလောကရဲ့ဘုံရန်သူလိုပဲ ၊တဖက်မှာတော့ တချိန်ထဲမွေးဖွားကာ မှေးမှိုန်နေခဲ့သည့် လိပ်ပြာနတ်သမီးလေးကတော့ လူတိုင်းရဲ့ချစ်မြတ်နိုးရာ နတ်ဘုရားမဖြစ်လာတော့သည်၊ ထိုလိုနဲ့ နှစ်ပေါင်းများစွာ ကြားပြီးနောက်မှာတော့ Scarletရဲ့ နတ်ဘုရားအချင်းချင်း အနိုင်ကျင့်မှုနဲ့ နတ်ဘုရားသွေးကို သောက်သုံးသည့်ကောလဟာလဟာ နတ်ဘုရားကို ကျယ်ပြန့်လာတော့သည်၊ တစ်ဦးကို တစ်ဦးအကျောမခံသည့် နတ်ဘုရားလောကမှာ ဘယ်သူကိုမှ အကူညီမတောင်းကြသည့် သူတို့ဟာ နတ်ဘုရား Scarletကို ကြောက်ရွံနေရုံသာ တတ်နိုင်ခဲ့သည်၊Scarletဟာ တကယ်တော့ ဆိုးသွမ်းသည့်နတ်ဘုရားတစ်ပါးမဟုတ်ခဲ့ပေ၊ သူဟာ နီရဲရဲပန်းသီးကို စားရသည်တာ ကြိုက်နှစ်သက်ပြီး လျှောက်သွားနေရသည်ကို ကြိုက်နှစ်သက်သူဖြစ်သည်၊ တနေ့ သူမွေးထားသည့် Eiraဆိုတော့ မြွေဖြူလေးဟာ သူ့ကို လိုက်နှောင့်ယှက်သည့် နတ်ဘုရားတစ်ပါးရဲ့ ဂုတ်ကို ကိုက်လိုက်ရင်းကနေ စတင်ခဲ့တော့သည်၊
ŞİMDİ OKUDUĞUN
Dei?No That's My Abode (System)
FantastikTitle - သေမင်းနယ်မြေ?? မဟုတ်ဘူး! အဲ့တာ ငါအရှင်သခင်ရဲ့ဘုံဗိမာန္! (System) သေမင်းနယ်မြေ?? မဟုတ်ဘူး! အဲ့တာ ငါအရှင်သခင်ရဲ့ဘုံဗိမာန်! (System) author - Neko san Started date - 7.2.2021 End date -????? Update မမှန်သဖြင့် ဖတ်ချင်ဝင်ဖတ်ပါ၊မဖတ်ချင် ကျော်...