Arc-3.1(Zombies are cool but I wanna kill them)

3.7K 505 15
                                    

Zawgyi

Scarlet သူဝိညာဉ်ဟာ ခန္ဓာကိုယ်တစ်ခုထဲကို ကူးပြောင်းသွားပြီးနောက်မှာတော့ သူရဲ့မျက်လုံးများကို ဖွင့်လိုက်တော့သည်၊ဒီတစ်ခါတော့ ဆေးရုံမှာမဟုတ်တော့ဘဲ အခန်းကျဉ်းတစ်ခုထဲကို ရောက်နေသည်ကို သတိထားမိရုံသာမက သွေးနံ့များလည်း လှိုင်ထနေသည်ကို ခံစားလိုက်ရသည်၊

'ဘာကြောင့် ဒီနေရာက သေရိပ်တွေနဲ့ပြည့်နှံ့နေရတာလဲ'

Scarletဟာ ပြောလိုက်ပြီး မတ်တပ်ထရပ်ကာ အခန်းအပြင်ဘက်ကို ထွက်လာတော့သည်၊ဒါပေမယ့် စင်္ကြံလမ်းတစ်လျှောက်မှာ အသားအပိုင်းအစတွေ သွေးပုပ်များဟာ နေရာအနှံ့ပြန့်ကြဲနေရုံသာမက ပုပ်ပွနေသည့်အလောင်းတွေဟာလည်း ဟိုနားဒီနားတွေ့နေရသည်၊သားရဲတွေကိုက်ဖြတ်ထားသလို့ ပဲ့ရွဲ့နေသည့် လူသေလောင်းတွေကို ကြည့်ရင်း ဒီကမ္ဘာဟာ မြင်ရသလို မရိုးရှင်းမှန်းနားလည်လိုက်တော့သည်။

[Snow: အရှင်သခင် Eira ဒီကမ္ဘာနဲ့ပတ်သတ်တဲ့မှတ်ဥာဏ်တွေ ပို့ပေးလိုက်ပြီ]လို့ အသံနဲ့အတူ Scarletခေါင်းထဲ မှတ်ဥာဏ်များစွာ စီးဝင်လာတော့သည်။

ဒီကမ္ဘာဟာ အနည်းငယ်ရှုပ်ထွေးလွန်းလှသည်။ဒီကမ္ဘာဟာ ဇွန်ဘီလို့ခေါ်သည့် လူအသွေးအသားကို စားသုံးသည့်ဖုတ်ကောင်တွေရဲ့လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံနေရပြီး တဖြေးဖြေးလူသားမျိုးနွယ်စု ပျက်သုန်းလာတော့မည့်ချိန်မှာ လူသားတွေဟာလည်း မျိုးစိတ်များပြောင်းလဲလာတော့သည်၊အဲ့တာဟာ အယ်လ်ဖာ၊အိုမီဂါဆိုသည့် လူသားမျိုးစိတ်များဟာ သာမန်လူတွေကြား ရောနှောဝင်ရောက်လာရုံသာမက သူတို့မှာ ထူးခြားသည့်စွမ်းအင်များပါ ပေါ်ပေါက်လာတော့သည်၊

အယ်လ်ဖာလူသားမျိုးစိတ်ဟာ အင်အားကြီးကျပြီး သူတို့ဟာ သာမန်လူတွေထက် သန်မာကာ စွမ်းဆောင်ရည်မှာသာမက ခံနိုင်ရည်စွမ်းမှာပင် မြင့်မားကြပြီး အိုမီဂါလူသားမျိုးစိတ်ကတော့ ကုသရေးအပိုင်းမှာ ကျွမ်းကျင်ကျကာ ဇွန်ဘီဗိုင်းရပ်စ်ကို အဖြေရှာဖွေလာသူများဖြစ်ကြသည်၊​နောက်တစ်ချက်ထူးခြားချက်က​တော့ အယ်လ်ဖာလူသားမျိုးစိတ်ဟာ အိုမီဂါလူသားမျိုးစိတ်ကို မိတ်လိုက်ကာ ကိုယ်ဝန်ရစေနိုင်သည့်မျိုးစေ့များ ပေးကမ်းနိုင်သလို အိုမီဂါမျိုးစိတ်ဟာလည်း ယောကျာ်းလေးဖြစ်နေရင်တောင် ကလေးမွေးဖွားပေးနိုင်သည်။ဒါကြောင့် မမျှမတဖြစ်ကာ ပျက်သုန်းခါနီးဆဲဆဲဖြစ်​နေသည့် လူသားမျိုးစိတ်ကို အနည်းငယ်ထိန်းပေးနိုင်ခဲ့သည်။

Dei?No That's My Abode (System)Where stories live. Discover now