Arc-1End(A bastard can't win me)

4.6K 787 17
                                    

Zawgyi

"စီနီယာ...ခံရခက်နေတယ်မလားဟင်? ဆိုရမ်က စီနီယာကို တကယ်ချစ်တာပါ...ဒါကြောင့် စီနီယာ စိတ်ကြိုက် ဆိုရမ်ကို ဖျက်ဆီးပစ်လိုက်ပါနော်..."လို့ ပြောကာ သူရဲ့ခြေထောက်တွေကို လာရောက်ပွတ်သပ်သည့် ဆိုရမ်ရဲ့ခြေထောက်များကြောင့် အဲရစ်လ်တကိုယ်လုံး အေးခဲသွားကာ ရွံရှာစိတ်ဟာ တားဆီးမထားရနိုင်ချေ၊

"မင်းရဲ့ကိုယ်ကို ငါ့ပေါ်က ဖယ်လိုက် ဂျူနီယာဆိုရမ်" လို့ ပြောရင်း အနည်းငယ်တွန်းထုတ်လိုက်ချိန်မှာ ဆိုရမ်ရဲ့ကိုယ်ဟာ အနည်းငယ်ယိုင်ယိမ်းသွားကာ နံရံဘက်ကပ်သွားပြီး သနားစရာကောင်းသည့် အသံလေးပြုကာ

"ဘာကြောင့်လဲ စီနီယာအဲရစ်လ်... ဆိုရမ်က ဘာတွေမကောင်းလို့လဲ? ဆိုရမ်ရဲ့နောက်ခံက နိမ့်ပါးနေခဲ့လို့လား...? ဒါပေမယ့် ဆိုရမ်က အိုလီဘာထက် အခြားအရာတွေမှာ အစစအရာရာသာတယ်​လေ...ဆိုရမ်ကို မငြင်းပယ်ပါနဲ့နော်" လို့ နံရံကို မှီကာ ငိုကြွေးပြောဆိုနေသည့်ပုံလေးဟာ ဘယ်သူမဆိုသွားရောက်ထွေးပွေ့ထားချင်စရာပင်၊ ဒါပေမယ့် အဲရစ်လ်ကတော့

"အိုလီဘာက မင်းထက်အစစအရာရာ သာတယ် သူနဲ့မင်းက လမင်းနဲ့ပိုးစုန်းကြူးလိုပဲ" လို့ ပြောလိုက်တော့ ဆိုရမ်ရဲ့မျက်နှာဟာ တင်းမာသွားကာ

"မဟုတ်ဘူး သူက အခြားတစ်ယောက်ရဲ့အကူညီမရှိဘဲနဲ့ ဘာမှမလုပ်နိုင်ဘူး! ဆိုရမ်ကမှ ဘယ်သူ့အကူညီမှ မယူဘဲ ဒီအထိရောက်လာအောင် လုပ်ခဲ့တာ!!" အော်ပြောလာတော့သည်၊ထိုနောက် တစ်ယောက်ထဲရယ်မောနေရင်း အဲရစ်လ်ဘက်လှည့်လာကာ...

"ဒါပေမယ့် အခုတော့ စီနီယာကို ဆိုရမ်ပိုင်ပြီလေ...ကျွန်တော်တို့ နှစ်ယောက်ရဲ့အခုလို ပုံစံမျိုးကိုမြင်ရင် ဘယ်သူမဆို အထင်လွဲသွားမှာပဲ...ဝေါ့လ်လက်စ်အိမ်တော်အနေနဲ့ အရှက်ကို ကာကွယဖို့ စီနီယာကို ကျွန်တော်နဲ့ယူဖို့ အတင်းအကြပ်စီစဉ်ထားမှာပဲလေ" လို့ ပြုံးကာ ပြောနေသည့် ဆိုရမ်စကားများကြောင့် ခုနက ရစ်ဝေဝေဖြစ်နေကာ ယိုင်ယိမ်းနေသည့်အဲရစ်လ်ပုံစံဟာ ပျောက်ကွယ်သွားကာ လှောင်ရိပ်များဖြင့်ပြုံးနေသည့်အဲရစ်လ် အစားထိုးလာတော့သည်၊ထို​နောက် တဖြည်းဖြည်းနီးကပ်လာသည့် လူသံများဘက် တချက်ကြည့်ရင်း

Dei?No That's My Abode (System)Donde viven las historias. Descúbrelo ahora