Arc-3.3(Zombies are cool but I wanna kill them)

2.8K 465 27
                                    

Zawgyi

"ကိုကိုကလေ! ကိုယ့်ကိုယ်ကို အိုမီဂါဆိုတာရော သတိရသေးရဲ့လား" လို့ပြောလိုက်တော့ ကာလီဂိုကလွဲ၍ ကျန်တဲ့သူများဟာ အံ့သြသွားတော့သည်။သူတိုရှေ့က လူငယ်လေးဟာ အိုမီဂါတစ်ယောက်လား၊

သေးငယ်တဲ့မျက်နှာပေါက်၊ကြွက်သားဗလများမရှိဘဲ သွယ်လျသည့်ခန္ဓာကိုယ်၊နို့နှစ်ရောင်လိုဖြူဖွေးနေတဲ့အသားအရည် ချောမောလှပသည့်မျက်နှာ၊ လူကောင်သေးသေး၊ထိုအရာတွေကို ခြုံကြည့်ရုံဖြင့် အယ်လ်ဖာတစ်ယောက်မဟုတ်သည်ကိုတော့ ရိပ်မိပေမယ့် အိုမီဂါလို့မထင်မှတ်ဘဲ ဘီတာလို့ ထင်မှတ်လိုက်ခြင်းဖြစ်တယ်၊ဘယ်အိုမီဂါတစ်ယောက်က ဒီလိုရဲရဲရင့်ရင့် ဇွန်ဘီကြားထဲ လာရဲမှာလဲ၊

အမ်လန်ဟာ တခြားသူတွေ သူ့ကိုဘယ်လိုတွေးတောနေလဲဂရုမစိုက်ပေ၊သူဟာ အေဒန်ကိုသာ စိုက်ကြည့်လိုက်ပြီး

"အေဒန် ကိုကိုနဲ့ပြန်လိုက်ခဲ့"လို့ ခေါ်လိုက်တော့ ဘေးနားကလူတွေဟာ လှုပ်လှုပ်ရွရွဖြစ်သွားတော့သည်၊အာလ်ချာကလည်း စိတ်မထိန်းနိုင်တဲ့အသံဖြင့်

"မင်းမှာ အဖွဲ့ရှိလို့လား မစ္စတာအမ်လန်" လို့ မေးလိုက်တော့ အမ်လန်ဟာ ခေါင်းခါလိုက်ပြီးနောက်မှာ

"ငါနဲ့လိုက်လာတဲ့အဖွဲ့က သေကုန်ပြီ ဒါပေမယ့် အေဒန်ကို ခေါ်ပြီး အနီးနားစခန်းကို အရင်သွားရလိမ့်မယ် အဲ့ကနေတစ်ဆင့် Sမြို့တော်ကို ပြန်ရမယ်" လို့ ပြောလိုက်တော့ အယ်လီအိုဟာလည်း ဝင်မေးတော့တယ်။

"ပြန်ရမယ်ဆိုတော့ မင်းက အစတည်းက Sမြို့တော်ကနေ..."

"ဟုတ်တယ် ငါ့ညီလေးကို လာခေါ်တာ" လို့ အမ်လန်ဟာ ဖြေလိုက်ပြီးနောက်မှာ ထိုလူတွေဟာ သူ့ကိုအံ့သြမှင်သက်စွာ ကြည့်နေကြတော့တယ်၊

'သူ့ကို ဘာလို့ လာကြည့်နေတာလဲ' အမ်လန်ဟာ မျက်ခုံးအနည်းငယ်တွန့်သွားတော့ ထိုလူတွေဟာ သူတို့မှားသွားမှန်းသိတာကြောင့် အကြည့်လွဲလိုက်တော့သည်။ကာလီဂိုဟာ အမ်လန်ကို စိုက်ကာ ကြည့်ရင်း အကြည့်လည်းလွဲသွားခြင်းမရှိဘဲ သူဟာ

"Sမြို့တော်က ဇွန်ဘီကင်းမဲ့ဇုံမလား၊ ဘာကြောင့် အန္တရာယ်ကြားထဲ ဆင်းသက်လာရတာလဲ"လို့ မေးလိုက်တော့ အမ်လန်ရဲ့မီးခိုးရောင်လိုမျက်ဝန်းတစ်စုံဟာ သူ့ကို စိုက်ကြည့်လာတော့တယ်၊ကာလီဂို သူရဲ့နှလုံးသားဟာ မရပ်တန့်နိုင်အောင် အသည်းသန်ခုန်ပေါက်နေသည်ကိုခံစားနေရတော့သည်။

Dei?No That's My Abode (System)Wo Geschichten leben. Entdecke jetzt