Zawgyi
[Snow: မိသားစုကားတွေမှာ အချက်ပေးခေါင်းလောင်းသံပါတယ်လို့ Eira ကြားဖူးတယ် အရှင်သခင်]နှင်းပွင့်လေးဟာ အမ်လန်နဲ့အတူ ကားတွေကို လိုက်ကြည့်နေရင်းပြောလိုက်တယ်၊အမ်လန်ဟာလည်း မြွေဖြူလေးစကားကြောင့် မျက်နှာကြုတ်သွားပြီး ကားတွေကို ကြည့်နေတော့တယ်
'Eira မိသားစုကားဆိုတာ ဘာလဲ'
[Snow: အလုံပိတ်ပြီးမောင်းလို့ရတဲ့ကားလေ]
'ကားတွေ အကုန်အလုံပိတ်ပြီး မောင်းတာ မဟုတ်ဘူးလား'
[Snow:အဲ့ဆို ကားရဲ့အရှည်ကောက်က မိသားစုကားဖြစ်မယ် ဒီကားတွေအကုန် မိသားစုကားဖြစ်မှာပေါ့]မြွေဖြူလေးဟာ လမ်းမပေါ်က ကားတွေကို ကြည့်ရင်းပြောလိုက်တယ်၊အမှန်တော့ Scarletရော၊Eiraရောဟာ သူတို့ ကမ္ဘာနှစ်ကမ္ဘာ မောင်းနှင်လာသည့်ဘီးလေးလုံးနဲရွေ့လျားသည့်အရာကို ကားဆိုသည့်ထက်မသိပေ၊မြွေဖြူလေးတောင် ထိုကားဆိုသည့်အရာမှာ အချက်ပေးခေါင်းလောင်းပါမှန်း သိသေးသည်။ပြီးတော့ ထိုအချက်ပေးခေါင်းလောင်းဟာ သူခိုးက မိမိကားကိုဖွင့်သည်ဖြစ်စေ၊အခြားအရာဝတ္ထုတစ်ခုခုဟာ မိမိကားကိုအရှိန်နဲ့ရိုက်မိတိုက်မိသည့်အခါ ပြင်းထန်သည့်အချက်ပေးခေါင်းလောင်းသံပေါ်လာကာ သတိပေးတတ်သည်။
"ဟိုကားက ကြီးတော့ ပိုအအော်မြည်မှာ သေချာတယ်" အမ်လန်ဟာ လေးထောင့်ပုံစံကိုမှ ခေါင်းအပေါ်ပိုင်းသည် အဝိုင်းပုံသဏ္ဍာန်ဖြစ်နေပြီး အဲ့အဝိုင်းကနေ ရှည်လျားသည့်အတံထွက်နေသည့်ကားကို ကြည့်ရင်းပြောလိုက်သည်။
[Snow:ဒါပေမယ့် သူ့ဘီးတွေက မထူးဆန်းဖူးလား အရှင်သခင်] မြွေဖြူလေးဟာလည်း သူရဲ့နီရဲရဲမျက်လုံးလေးတွေနဲ့ အစိမ်းပုပ်ရောင်ကားကြီးကို ကြည့်ရင်း ပြောလိုက်တယ်၊
"အသံမြည်ဖို့က အဓိကပဲမလား" ပြောလည်း ပြော အနီးနားက ပန်းအိုးကိုပင် မယူကာ သူဟာ ကားဆီကို အားနဲ့လှမ်းပစ်ပေါက်တော့သည်။ဒါပေမယ့် ကားဟာ ဝုန်းဆိုသည့်အသံသာ မြည်သွားပြီး မည်သည့်အချက်ပေးသံမှ ထွက်မလာချေ၊
'Eira... ဘာကြောင့် ဘာသံမှ ထွက်မလာရတာလဲ' အမ်လန်ဟာ သူရဲ့မြွေဖြူလေးကို မေးလိုက်တော့ မြွေဖြူလေးဟာလည်း ခေါင်းရမ်းလာတော့သည်။ထိုနောက် မြွေဖြူလေးရဲ့ မျက်ဝန်းများဟာ နီရဲတောက်ကာ ထိုကားကို ကြည့်နေတော့သည်။
ESTÁS LEYENDO
Dei?No That's My Abode (System)
FantasíaTitle - သေမင်းနယ်မြေ?? မဟုတ်ဘူး! အဲ့တာ ငါအရှင်သခင်ရဲ့ဘုံဗိမာန္! (System) သေမင်းနယ်မြေ?? မဟုတ်ဘူး! အဲ့တာ ငါအရှင်သခင်ရဲ့ဘုံဗိမာန်! (System) author - Neko san Started date - 7.2.2021 End date -????? Update မမှန်သဖြင့် ဖတ်ချင်ဝင်ဖတ်ပါ၊မဖတ်ချင် ကျော်...