Arc-1.9(A bastard can't win me)

4.1K 714 22
                                    

Zawgyi

အဲရစ်လ်တစ်ယောက် ထိုမင်းသားနှစ်ပါးကြားမှာ သူကိုယ်သူဒေါသထွက်လွန်ပြီး မသေနိုင်အောင် စိတ်ဖြေထားရင်း ဧကရီကြွရောက်လာသည့်အသံကို ကြားလိုက်ရတော့သည်၊

ဧကရီဟာ တော်ဝင်နန်းဆန်သည့် အဖျားတွေမှာ စိန်များဆင်ယင်ထားသည့် နို့နှစ်ရောင်ဂါဝန်ကားကားကို ဝတ်ဆင်ထားပြီး သူမရဲ့အိုမင်းရင့်ရော်နေပေမယ့် မြင်သူတိုင်း အေးချမ်းစေနိုင်သည့်သူမရဲ့မျက်နှာထက်တွင် နွေထွေးသည့်အပြုံးတစ်ပွင့်တပ်တင်ထားကာ ပါတီထဲဝင်လာတော့သည်၊ထိုနောက် ဧကရီအတွက်ပြင်ဆင်ထားသည့် ခုံပေါ်မှာ ထိုင်လိုက်​တော့သည်၊​ဧကရီ​ဘေးနားရှိ တော်ဝင်အထိန်းတော်ကြီးဟာ အရှေ့တက်လာပြီး ပွဲတက်လာသူတွေဘက်ကြည့်ကာ

"ဒီနေ့ ဧကရီက သူရဲ့မွေးနေ့နဲ့အတူ လူငယ်တွေကြား အရည်အချင်းစမ်းသပ်ပွဲလည်းကျင်းပမှာ ဖြစ်ပါတယ်... ကဲ အခုလောလောဆယ် ဧကရီမွေးနေ့အတွက် ဆက်ကျင်းပကြတာပေါ့"လို့ အထိန်းတော်စကားဆုံးသည်နှင့် ပွဲတက်လာသူများဟာ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့သည်၊ထိုနောက် တစ်ယောက်ပြိးတစ်ယောက် ဧကရီရှေ့ မွေးနေ့ဆုမွန်ပေးကာ တန်ဖိုးကြီးမွေ့နေ့လက်ဆောင်များ ဆက်သကြတော့သည်၊

ထိုလိုနှင့် တိုးမက်စ်နဲ့အိုလီဘာတို့အလှည့် ရောက်လာတော့သည်၊သူတို့နှစ်ဦးဟာ မြင်ရုံဖြင့် တစ်ဦးနဲ့တစ်ဦးအရမ်းချစ်ကြောင်းသိသာလွန်းလှစွာ တိုးမက်စ်ဟာ အိုလီဘာရဲ့လက်လေးကို အမြတ်တနိုးသူရဲ့လက်ကြားပိတ်နှောင်ထားသလို အိုလီဘာကလည်း မျက်နှာလေးဟာရဲနေပေမယ့် ငြင်းပယ်ခြင်းတော့မရှိပေ၊ထိုမြင်ကွင်းကို အဲရစ်လ်ကြည့်ရင်း မျက်လုံးလှန်ပြလိုက်ပြီး

"ပိုကို ပိုလွန်းတယ် အိုလိဘာကို ဘယ်သူက လာလုမှာမို့လိုလဲ"လို့ ပြောလိုက်ပြီး ထောင့်စွန်းနားမှာ ရပ်နေသည့် အဓိကဇာတ်ကောင် ဆိုရမ်ဘက်ကို လှမ်းကြည့်လိုက်သည်၊ဆိုရမ်ဟာ တိုးမက်စ်တို့အတွဲကို မျက်နှာသေနဲ့သာကြည့်နေပြီး ဘာလှုပ်ရှားမှုမှ မလုပ်လာချေ၊အဲရစ်လ်အနေဖြင့်လည်း သိသည်...၊သူမှာ ဒုတိယဇာတ်လိုက်အရှိန်အဝါသာရှိပြီး သူထံတွင်ပြင်းထန်သည့်လွှမ်းမိုးနိုင်သည့်အော်ရာတော့ရှိသည်၊ဒါပေမယ့် အစထဲက ဒီကမ္ဘာကသွယ်ချိတ်ထားသည့် ဇာတ်လိုက်နှစ်ယောက်ရဲ့ကံကြမ္မာကိုပြင်ဖို့ဟာ လွယ်ကူမည်မဟုတ်ပေ၊တိုးမက်စ်အနေနဲ့ ဆိုရမ်ကို စိတ်မဝင်စားတော့ဘူးလို့ပြောပြော ဒီကမ္ဘာရဲ့ကောင်းချီးအော်ရာရရှိထားသည့် အဓိကဇာတ်ကောင်ဆိုရမ်ဘက်ကသာ ပြောင်ပြောင်မြောက်မြောက်လှုပ်ရှားလာမယ်ဆိုရင် သူအနေနဲ့ ဒီတာဝန်ကို ကျဆုံးရလိမ့်မည်၊

Dei?No That's My Abode (System)Where stories live. Discover now