Unicode
ကျောင်းပိတ်ရက်မလို့ TaeHyung ကတော့အိမ်မှာပဲ လုပ်စရာရှိတာတွေလုပ်ပြီး ပျင်းရိရိရှိနေသည်။ တစ်ခုခုလိုနေသလိုခံစားချက်ကြီးက ဘာလိုလို့ လိုနေမှန်းကိုမသိ။ ဆားမပါတဲ့ဟင်းတစ်ခွက်လို ဒီနေ့တစ်နေကုန်ပေါ့ဟာဟာကြီးပင်။
ဘာရယ်မဟုတ် အိပ်ယာပေါ်လှဲရင်း ဟိုဝဲစားလေးအကြောင်းကအတွေးတွေထဲ ရုတ်တရက်ပိုင်စိုးပိုင်နင်းရောက်ချလာတော့သည်။ သူ့လောက် ဒီဟာလေးကို ပစ်ပစ်ခါခါပြောတာသူပဲရှိမည်ထင်သည်။ အခုချိန်အထိသူ့အနားမှာဆဲသမျှကိုမနာနိုင်ပဲ တွယ်ကပ်နေတာကို သနားစိတ်လေးတောင်ဝင်လာသလိုပင်။ ပြန်တွေးကြည့်တော့ ဒီကောင်လေးတစ်ကယ်ပဲသူ့ကိုချစ်နေသလား။ လွယ်လွယ်ကူကူယုံတတ်တဲ့အကျင့်မရှိတဲ့သူ့အတွက်တော့ ဒီကောင်လေးကိုယုံချင်နေမိတာ ထူးတော့ထူးဆန်းသား။ သနားစိတ်ကဝင်လာလို့ပဲလား စကားအပြောကောင်းလို့ပဲ ရင်မှာနေရာပေးချင်နေမိပြီလားမပြောတတ်။
သေချာသလိုရှိနေတာကတော့ ဒီကောင်လေးသူ့ရင်ထဲတစ်စိတ်တစ်ပိုင်းမှာ ပျိုးပင်လေးတစ်ခုပျိုးထားပေးပြီပဲဖြစ်သည်။အတွေးတွေကို ဟိုဝဲစားလေးနယ်ချဲ့နေတုန်း အိမ်ရှေ့ကတံခါးဘဲလ်သံကြောင့် အိပ်ယာပေါ်ကနေထလာလိုက်သည်။ လာစရာဧည့်သည်မရှိတာမလို့ TaeHyung ဘယ်သူလဲစဉ်းစားလို့မရ။ တံခါးဖွင့်ဖွင့်ချင်း မေမေ့ကိုတွေ့လိုက်ရတာမလို့ TaeHyung အံ့ဩသွားသလို ပျော်လည်းပျော်သွားရသည်။
"မေမေ....ဘယ်လိုရောက်လာတာလဲ...သားကိုပေး အထုတ်တွေ"
အိမ်တံခါးဝမှာအထုတ်အပိုးအပြည့်နှင့်မေမေ့ဆီက အထုတ်အပိုးတွေကိုကူသယ်ပေးလိုက်ပြီး အိမ်ထဲခေါ်လာလိုက်သည်။
"အကြောင်းမကြားဘာမကြားနဲ့မေမေရယ်...သားအိမ်မှာမရှိရင်ဘယ်လိုလုပ်မလဲ"
"ကျောင်းပိတ်ရက်ဖြစ်လို့ မေမေလည်းအစီအစဉ်မရှိရောက်လာတာပါ သားလေးရယ်....မေမေ့သားလေး အရံဟင်းတွေကုန်လောက်ပြီထင်လို့ ထည့်ပြီးလာပို့ပေးတာ"
တစ်ကယ်လည်း TaeHyung ရဲ့ ရေခဲသေတ္တာလေးထဲ အရံဟင်းတွေကုန်နေပြီ။ ချက်မစားချင်တာနဲ့ ပစ်စလက်ခတ်ခေါက်ဆွဲပဲပြုတ်ပြုတ်စားနေတာ။ ခေါက်ဆွဲပြုတ်ဆိုလို့ ဟိုတစ်ရက်ကဝဲစားလေးပြောတာကိုသတိရပြီး နားရွက်ဖျားလေးတွေတောင်ရဲတက်လာရတော့သည်။
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜