#Unicode
ထယ်ယောင်း တစ်ယောက် ညကအိပ်ရေးမဝ၍ တစ်နေကုန်စိတ်မကြည်....နောက်တပတ် Assignment အတွက်စာများလည်းရှာမတွေ့သေးသည်မလို့ စိတ်ကအလိုလိုနေရင်းပင်တိုနေမိသည်။
ဒါကို မနက်ကျောင်းရောက်ကတည်းက ဟိုသကောင့်သားလေးကလူလိုနားမလည်စွာ အနောက်ကနေတစ်ကောက်ကောက်လိုက်ကာ နှောင့်ယှက်နေလေသည်။
"Hyung...Baby hyung...ကျွန်တော့်ကိုစကားလည်းမပြောဘူးရော"
"Baby...Baby...Baby hyung လို့"
ထယ်ယောင်းစကားပြန်မပြောမချင်း Baby Hyung ကိုထပ်ခါတလဲလဲ ခေါ်နေသောကြောင့် နားကြားပြင်းပင်ကပ်လာပြီဖြစ်သည်။
"Baby...Baby"
"ဘာပြောစရာတွေရှိနေလို့ ခဏခဏလာခေါ်နေတာလဲ"
"ချစ်တယ်...ချစ်တယ်...ချစ်တယ်...ချစ်တယ်..အများကြီးချစ်တယ်လို့"
"ဒီမှာ....အရမ်းချစ်တယ်ဆိုတာလေ ဘောပင်မှင်မထွက်လို့ ခြစ်တာပဲရှိတာ"
"Baby Hyung လေးက ဘောပင်ခြစ်တာလောက်ပဲသိသေးတာကို....ဟောဒီက ကောင်ကြီးကို နှလုံးသားနဲ့ချစ်ကြည့်လိုက်စမ်းပါ....ဘောပင်မှင်မရှိလို့ခြစ်တယ်ဆိုတာ အလကားတွေဖြစ်သွားမှာ"
ထိုသကောင့်သားလေးကလေ သူပြောသမျှ ချေပနိုင်ဖို့ အမေမွေးကတည်းကစာတွေများ သင်လာခဲ့လေသလား.......
"ဒီမှာ....ငါဒီနေ့စိတ်မကြည်ဘူး....မင်း ဝေးဝေးနေတာကောင်းမယ်"
"ခဏလေးဝေးရင်တောင် ခဏလေးသေမလိုတွေဖြစ်နေတာ Baby Hyung.....သိလား...အဲ့တာတွေသိလား.."
"အဲ့တာဆိုလည်း သေလိုက်တော့"
"ဟာ...ရက်စက်ပြီလား"
ထယ်ယောင်း လျစ်လျူရှု့ကာ လှည့်ထွက်ရန်ပြင်လိုက်တော့ လက်ကလေးကို လှမ်းဆွဲထားကာ....
"ဘယ်သွားမလို့လဲ Baby Hyung လေးရဲ့.....ဒီမျက်နှာလေးကိုမြင်ချင်ပါတယ်ဆိုနေမှ"
"ကျစ်.....မင်းက အမှိုက်ပဲ..."
"အမှိုက်ဆိုလည်း Baby Hyung လေးပြန်သုံးလို့ရမယ့် recycle အမှိုက်လေး"
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜