#Unicode
ထယ်ယောင်းကျောင်းသွားဖို့ပြင်ဆင်ကာအိမ်ကထွက်အလာ အိမ်ရှေ့တည့်တည့်တွင်စပ်ဖြီးဖြီးမျက်နှာပေးနှင့် ဓာတ်တိုင်ကိုမှီကာရပ်စောင့်သော ဟိုငနဲကောင်......
"စောစောစီးစီး အကုသိုလ်များဦးမယ်.."
တိုးတိုးလေးရေရွတ်ကာ ပွစိပွစိနှင့် မမြင်ချင်ယောင်ဆောင်ပြီး ခြေလှမ်းကျဲကြီးတွေနှင့်ကားဂိတ်သို့ထွက်လာလိုက်သည်။
"ဟေ့ ဟေ့ အစ်ကိုသေးသေးလေး....ဒီက Daddy ကိုမမြင်ဘူးလား"
သောက်သံပြဲကြီးနှင့်အော်ကာအနောက်ကနေ
ကားယားကားယားနှင့်ပါလာလေ၏။"Shit....ဝဲစားလေး...အသံက မီးသတ်သံချောင်းခေါက်တဲ့လူရဲ့အသံမျိုးနဲ့"
ထယ်ယောင်းလုံးဝမကြားချင်ယောင်ဆောင်ကာ ခြေလှမ်းတွေကိုအရှိန်ပိုတင်လိုက်၏။
ကြည့်ရတာအဲ့ငနဲလေးကသူ့ထက်ပိုလို့ခြေလှမ်းကျယ်သည်ထင်သည်။ ခဏလေးအတွင်းပင် သူ့အနားကိုရောက်လာလေ၏။
"ဟူး...မြန်လိုက်တာဗျာ...ဒီမှာအရမ်းတွေမောနေပြီ အစ်ကိုသေးသေးလေးရဲ့"
"အမောဆို့ပြီးရှောသွားလည်းနားအေးတာပဲ"
"ဟာ...ရက်စက်တယ်ဗျာ....အဲ့လိုရက်စက်တာလေးကိုပဲ ဒီက Daddy ကကြွေနေရတာ"
"မင်းဘိုးအေကို Daddy"
"သူတို့ခေတ်မှာမရှိလောက်သေးဘူး အစ်ကိုသေးသေးလေးရဲ့"
ဘယ်လောက်ပြောပြော မျက်နှာပြောင်တိုက်ပါလာသော ထိုငနဲကို သူလျစ်လျူရှု့ကာ ကားပေါ်တက်လာလိုက်၏။
ကားကလူရှင်းပေမယ့် ခုံတွေကတော့အပြည့်....ထို့ကြောင့်နှစ်ယောက်သားမတ်တပ်ရပ်၍သာလိုက်လာရသည်။
ကံကြမ္မာကထိုငနဲလေးကိုမျက်နှာသာပေးနေပုံရသည်။မှတ်တိုင်တစ်ခါရပ်တိုင်း တစ်ခါတစ်ခါဘရိတ်အုပ်လျှင် ထယ်ယောင်းခန္ဓာလေးတစ်ခုလုံးက ထိုအကောင်ရဲ့ကျောက်ခဲလိုမာတောင့်တောင့်ရင်ခွင်ထဲ အလုံးလိုက်ဝင်ရောက်၏.....။
မကျေနပ်သည့်အကြည့်နဲ့မျက်စောင်းခဲကြည့်လည်း ထိုသကောင့်သားကတော့အကျေနပ်ကြီးကျေနပ်နေသည့်ရုပ်ကြီးနှင့်ပြုံးဖြီးဖြီး.....
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜