Unicode
နေဝင်ဆည်းဆာက ဆောင်းဝင်လာပြီဆိုတော့ အမှောင်ဘက်လုနေပြီဖြစ်သည်။ ဟန်မြစ်တံတားကြီးက မီးတွေလင်းနေပြီမလို့ တစ်လက်လက်ဖြစ်နေတဲ့တံတားကြီးကို TaeHyung သဘောတကျငေးကြည့်မိသည်။ ဟန်မြစ်ကမ်းနဘေးက လှေကားထစ်လေးတွေမှာ အေးဆေးထိုင်ဖို့ TaeHyung လုပ်တော့ JungKook ကလက်မောင်းကနေဆွဲထားသည်။
"ခဏလေး Baby Hyung"
TaeHyung ကြောင်အအဖြစ်သွားတုန်း JungKook ကထိုင်မယ့်နေရာမှ အမှုန်တွေကို တဖူးဖူးနဲ့မှုတ်ထုတ်ကာ အိပ်ကပ်ထဲကတစ်ရှုးစလေးကိုထုတ်ပြီးခင်းပေးသည်။
"ကဲ ထိုင်လို့ရပါပြီဗျာ"
ဒီလိုအသေးအမွှားလေးတွေကအစ ဂရုစိုက်ပေးတဲ့ကောင်လေး။ သူ့ကိုတော့အတော်ချစ်ပေးရှာပါသည်။ ဒါတွေက ခဏတာဖြစ်မှာကို သူကြောက်မိတာတော့အမှန်။
TaeHyung လည်းထိုင်ချလိုက်တော့ ဘေးကနေဝင်ထိုင်ကာ မသိမသာရော သိသိသာသာရောဘေးကိုကပ်လာသည်။
"ဟိုဘက်သွား ကပ်မလာနဲ့"
တွန်းထုတ်တော့ လက်မောင်းကိုတွယ်ချိတ်ထားကာ သွားကိုအစွန်းကုန်စိကာရယ်ပြသည်။
"လေအေးတွေတိုက်ရတဲ့ကြားထဲ လေစိမ်းတွေပါမတိုက်ပါနဲ့ ဘေဘီစိမ်းလေးရယ်"
"မင်းဘိုးအေကို ဘေဘီစိမ်း"
"ဟိုလေ နေ့လည်က ကျွန်တော့်ကိုပြောတဲ့စကား...အား အား"
"မေ့လိုက်တော့"
စကားတောင်မဆုံးသေးခင် ဖြတ်ပြောခံလိုက်ရတာမလို့ လူကခွေးအကြီးလှည်းနင်းသလို စကားပါအထစ်အထစ်ဖြစ်ကုန်တော့သည်။
"ဟာဗျာ Baby Hyung ကလည်း မရဘူး...ကျွန်တော်က ပထမဆုံးပြောတာပဲအတည်ယူတယ်"
"ငါလုပ်ထည့်လိုက်လို့"
"ကြည့်ပါ ပတ်ဝန်းကျင်ကို"
TaeHyung ဝေ့ပတ်ကြည့်တော့ လက်လေးတွေကိုယ်စီချိတ်ကာ ချစ်ကြည်နူးတစ်တီတူးကြသည့်စုံတွဲတစ်ချို့ကို ဟိုဟိုသည်သည် တွေ့ရသည်။
"တွေ့လား Baby Hyung နဲ့ ကျွန်တော့်ရဲ့အနာဂတ်ကပုံရိပ်တွေလိုပဲ"
"ငါကလက်ခံမယ်ပြောနေလို့လား"
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜