#Unicode
ထယ်ယောင်း ရေပက်လွှတ်လိုက်တဲ့ညအပြီး နောက်နေ့မနက်တွင်ကျောင်းရောက်မလာခဲ့သော ဂျောင်ဂု....
ယခင်လိုမနက်ကတည်းကတကောက်ကောက်လိုက်ကာ နှောင့်ယှက်တဲ့သူမရှိတော့လို့ တမျိုးတော့တမျိုးပင်....
ထိုလိုနေ့မျိုး တပတ်တိတိရှိသွားလေတော့ ထယ်ယောင်းစိတ်ပူနေရလေပီ.....
ထို့ကြောင့် ဂျီမင်းနားအသာကပ်ကာ စကားစနည်းနည်းပါးပါးမသိမသာအစ်ကြည့်သော်.....
"ဂျီမင်း....ဟိုတစ်ယောက်မတွေ့ဖြစ်ဘူးနော်"
"ဟင်....ဘယ်တစ်ယောက်လဲ"
"မင်းဆီအရင်ကလာလာနေတဲ့ မျက်လုံးမှေးမှေးနဲ့တစ်ယောက်လေ....ပြီးတော့ သူ့သူငယ်ချင်း ဟိုတစ်ယောက်ရောပဲ"
"အော်... Yoongi Hyung လား....JungKookကနေမကောင်းလို့သူအတန်းတက်ပေးနေရတယ်....အဲ့တာကြောင့် မလာတာ"
"အော် နေမကောင်းဘူးလား....ဘာဖြစ်လဲတဲ့"
"အအေးပတ်နေလားမသိဘူး...."
"အော် အေးအေး"
အအေးပတ်နေတာဆိုတော့ သူရေလောင်းလိုက်လို့ဖြစ်တာသေချာသွားပြီပေါ့.....
"ဟူး....သေချာလေးပြောပြီးပြန်လွှတ်လိုက်ရမှာကို"
-----------------------------------------
"ဟတ်ချိုး.....ဟတ်ချိုး....ဟတ် ဟတ် ဟတ်ချိုး"
စောင်ပုံထဲတွင်တစ်ခန္ဓာလုံးကိုအလုံးလိုက်ကြီးထုတ်ထားသည့်ကြားမှ မတရားချေနေပါသောနှာခေါင်းသည် နီရဲကာပွနေပြီဖြစ်သည်။
နေမကောင်းသည့်တပတ်လုံး Hyung မျက်နှာလေးကိုမတွေ့ရလေတော့ အဖျားကပိုကြာနေသလို.....
ဖုန်းလည်းတစ်ချက်မဆက် စာလည်းတစ်စောင်တောင်မပို့လေသည်မလို့ လွမ်းနေရသည်ကြီးကသေမတတ်ပင်။
"နေနိုင်လိုက်တာ hyung ရာ"
"ရွှီး....ရွှတ်...ဖတ်"
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜