#Unicode
"ဂျွန်ဂျောင်ဂု!!! နင်ဘာအချိုးချိုးတာလဲ"
*ဖြန်း*
ကျယ်လောင်သောရိုက်သံကြီးသည် ကျောင်းအဝင်ဝအနားတွင်ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။
ထယ်ယောင်း မြင်လိုက်ရသည်က ကောင်မလေးနှစ်ယောက်နှင့်ကောင်လေးတစ်ယောက်။ ကြည့်ရတာ ထိုကောင်လေးနောက်တစ်ယောက်ထားတာမိသွားပုံရသည်။
ဘေးမှာလည်းကောင်မလေးတစ်ယောက်လက်ကိုတွဲထားသည်ကြောင့် အခုလိုမှတ်ချက်ချမိခြင်းသာ။ဟိုကောင်မလေးရိုက်ထည့်လိုက်သည့်မှ နည်းသည့်အရှိန်ကြီးမဟုတ်...။
ဒီလောက်အရိုက်ခံလိုက်ရတာတောင် ဟိုသကောင့်သားရုပ်ကအပိုးမကြိုး.....စပ်ဖြဲဖြဲရုပ်နှင့်...
ထယ်ယောင်းကျောင်းရောက်ရောက်ချင်းကြိုဆိုခံရသောမြင်ကွင်းက ပါးရိုက်လိုက်သည့်မြင်ကွင်းကြောင့်စိတ်လေသွားသည်။
"ကျစ်...ဘာတွေမှန်းလည်းမသိဘူး"
အစကတည်းကကိုယ့်ကိစ္စမဟုတ်ရင် စိတ်မဝင်စားတတ်သည့်အကျင့်ကြောင့် မျက်နှာပြန်အလွှဲ ဟိုသကောင့်သား သူ့ကိုလှမ်းကြည့်ကာ မျက်လုံးမှိတ်ပြလိုက်သည်ကို တွေ့ဖြစ်အောင်တွေ့လိုက်သေး၏။
စိတ်ထဲတွင် ထိုကောင့်ကိုကျိန်ဆဲမိသည်က....
"ထိုထပ့်မက အချက်ပေါင်းများစွာအရှိန်ပြင်းပြင်းနှင့်အရိုက်ခံရပါစေ" ဟု........
.
.ထယ်ယောင်းမှာ Fourth Year ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် Seoul National University ကိုအခုမှပြောင်းလာသည်မလို့ Fresher ကျောင်းသားတစ်ယောက်လိုသာ။
ကျောင်းရောက်ကတည်းက အခန်းကိုလိုက်ရှာနေသည်မှာ ခြေတိုနေပြီဖြစ်သည်။
ကျောင်းကြီးကကျယ်လွန်းသဖြင့် တော်ရုံနှင့်ရှာမတွေ့......သူစိမ်းတွေကိုလည်းမမေးချင်တာကြောင့် ဘယ်သူ့ကိုမှမမေးပဲ တစ်ယောက်တည်းရအောင်လိုက်ရှာနေခြင်း.......
ထယ်ယောင်းလာရှာသည့်အဆောင်ကမဟုတ်တာကြောင့် နောက်တစ်ဆောင်ကိုရှာရန် ထောင့်အချိုးလေးကအထွက် မျက်နှာချင်းဆိုင်ကလာသော စာအုပ်အထပ်ကြီးမျက်နှာနှားထိသယ်လာသောလူတစ်ယောက်နှင့်တိုက်မိကာ အနောက်သို့ယိုင်သွား၏။
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜