Unicode
ကျောင်းတွေပြန်တက်ရတော့ ထုံးစံအတိုင်းပဲ ကျောင်းအဝင်ဝမှာ သူ့ Baby Hyung လေးကိုထိုင်စောင့်နေတာဖြစ်သည်။
သိပ်မကြာလိုက်ပါဘူး စက်ဘီးလေးကိုအေးဆေးနင်းလာတဲ့ သူ့ရဲ့စွာတေးလေးကို တွေ့လိုက်ရသည်။ ပြန်စဉ်းစားကြည့်ရင် Baby Hyung အိမ်နဲ့ကျောင်းနဲ့ကဝေးတယ်လေ။ အခုလိုစက်ဘီးနဲ့လာတော့ ပင်ပန်းမှာကို သူတွေးမိသည်။ ဒီတိုင်းကြည့်နေလို့တော့မဖြစ်တော့။ တစ်ခုခုတော့ကြံဦးမှရမည်။TaeHyung ဟိုဝဲစားလေး ကျောင်းအဝင်ဝမှာစောင့်နေသည်ကို အဝေးကတည်းကနေမြင်သည်။ ဒါကြောင့်လည်း စက်ဘီးကိုတတ်နိုင်သမျှအေးဆေးနင်းနေတာဖြစ်သည်။ ဟိုတစ်နေ့ညကလုပ်သွားတာကိုအခုထိကျေနပ်သေးတာမဟုတ်။
"Baby Hyung"
အနားရောက်တာနှင့် အသံကိုတစ်ခါတည်းပေးကာ စက်ဘီးကိုလှမ်းဆွဲသည်။
"ဟ ဟ ပြုတ်ကျပြီ မင်းဘိုးအေမလို့ သွားနေတဲ့စက်ဘီးကိုဆွဲရတာလား ဟမ်"
စက်ဘီးပေါ်ကနေယိုင်တိုင်တိုင်ပြုတ်ကျလာတဲ့ TaeHyung ကစောစောစီးစီးထောပနာတွေစပြုတော့သည်။ JungKook ကလည်းစပ်ဖြီးဖြီးနှင့်သာ စက်ဘီးကိုထိန်းပေးသလိုနှင့် ပြိုကျလာတဲ့ ခန္ဓာလေးကိုပွေ့ရင်းအသားယူသည်။
"လွှတ်စမ်း ငါ့ကို"
"လွှတ်လိုက်ပါပြီဗျာ"
JungKook လွှတ်ပေးလိုက်သည်နှင့် TaeHyung က စက်ဘီးပေါ်ပြန်တက်ဖို့လုပ်သည်။
"ခဏလေး Baby Hyung"
"ဘာတုန်း"
"တူတူသွားမယ်လေ"
"ဘာကိုလဲ"
"သံသရာတစ်ဆုံးချစ်ခရီးကို"
"လိ့ မင်းဘာသာသွား"
"တူနှစ်ကိုယ်ပျော်ပျော်ပါးပါးသွားကြမယ်လေ....ဒီကျောင်းဝင်းကြီးရဲ့ပေတရာလမ်းကိုလည်း BabyHyung နဲ့ပဲအတူလျှောက်လှမ်းချင်သလို သံသရာတစ်လျှောက် တူနှစ်ကိုယ်ချစ်ခရီးလမ်းလေးကိုလည်း ဒီက Baby Hyung လေးနဲ့ပဲလျှောက်လှမ်းချင်လို့ပါဗျာ နော် နော်"
"အဲ့တာ ဘာဖြစ်နေတာလဲ"
နှုတ်ခမ်းကိုစူကာ ခြေဆောင့်ပြီး ချွဲပြနေတဲ့ဝဲစားလေးကို မတော်သေးဘူးလားဆိုသည့် အိုစာနေသည့်မျက်နှာကြီးနှင့် ကြည့်မိသည်။ သူ့အဲ့လိုကြီးလုပ်နေလို့ ဒီကလူကြွေမယ်ထင်နေတာလားမသိ။ စကားတွေတတ်ချက်က ဒီအရွယ်လေးနဲ့အဲ့လောက်တတ်ရသလားဆိုပြီး ခပ်စပ်စပ်လေးပိတ်တီးချင်နေတာ။
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜