Unicode
ကျောင်းဆင်းတော့အိမ်ပြန်ရန်ဘတ်စ်ကားကိုစောင့်နေစဉ်မှာပဲ သူ့အနားနားရောက်ချလာတာတဲ့ ဟိုဝဲစားလေး ။ နေလည်းမကောင်းသေးပဲနဲ့ကို ဘာလာလုပ်ပြန်လဲမသိ ။
"ဘာလာလုပ်တာလဲ"
"Baby Hyung လေးကိုအိမ်ပြန်လိုက်ပို့မလို့လေ ဟတ်ချိုး"
လူကဖြင့်ရေဘုံပိုင်ပျက်လိုနှာရည်စက်တောက်စက်တောက်နှင့် ။ သူ့ကိုအိမ်ကလိုက်ပို့ချင်သေးသည် ။
"ငါ့ဘာသာပြန်မယ် မင်းနေမှကောင်းတာ ... ငါကပြန်ပြီတောင်ထင်နေတာ"
"ပြန်စရာလားဗျာ ... ကျွန်တော်ကဒီအချောလေးကိုဘယ်လိုစိတ်မျိုးနဲ့စိတ်ချပြီးပြန်ရမှာလဲ"
"အပြောကတော့ ဟင်း....."
TaeHyung မျက်စောင်းထိုးတော့ ရယ်ကျဲကျဲရုပ်နှင့်ရယ်ပြသည် ။
"ပြန်တော့ မင်းနေမှမကောင်းပဲ"
"မရဘူးဗျာ...Baby Hyung မျက်နှာလေးကြည့်ပြီးအိမ်ပြန်ချင်တာ"
လိုက်မပို့ရမချင်း ဂျစ်တိုက်နေတဲ့ဒီကောင်လေးကြောင့် TaeHyung ဘာလုပ်ရမလဲပင်မသိတော့ ။ သူ့ကိုလိုက်ပို့ပြီးပင်ပန်းကာ ပိုဖျားသွားမှာလည်းစိုးရိမ်ရသေးသည် ။ တစ်ယောက်တည်းပြန်လွှတ်ဖို့လည်းစိတ်ကမချဖြစ်နေပြန်သေးသည် ။
"သွားမယ်လေ Baby Hyung"
တွေတွေကြီးစဉ်းစားပြီးရပ်နေတဲ့သူ့ကို လက်လေးလှမ်းဆွဲကာခေါ်လိုက်တဲ့ JungKook ။
"ခဏ ငါမင်းကိုလိုက်ပို့မယ်"
"ဟင် ဘာပြောလိုက်တာလဲ Hyung"
"မင်းကိုအရင်လိုက်ပို့ပေးမယ်လို့"
"အာ ကျွန်တော်ကရ...."
"ပါးစပ်ပိတ်...ကားလာနေပြီ...မဟုတ်ရင် ကိုယ့်ဘာသာပြန်လိုက်တော့"
"မဟုတ်မှ ကျွန်တော့်ကိုစိတ်ပူ..."
"ဟေ့ ဟေ့ ပေါက်ပန်းလေးဆယ်ပြောနေရင် ငါပြန်ပြီ"
သူ့ကိုစကားဆုံးအောင်တောင်စကားပြောခွင့်မပေးပဲ ပြောချင်ရာတွေပြောပြီး ရှက်ရှက်နှင့်ဆဲကာကားပေါ်သို့ပြေးတက်သွားလေတဲ့သူ့အကိုသေးသေးလေးနောက်ကို ကျေနပ်သောပြုံးဖြီးဖြီးမျက်နှာကြီးနှင့်အမောတကောလိုက်ရပြန်တော့သည် ။
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜