Unicode
ထယ်ယောင်းဒီနေ့လည်း မနက်စောစောစီးစီးထကာ ထုံးစံအတိုင်း ကျောင်းကိုရောက်လာခဲ့သည်။
ကျောင်းအဝင်ဝတွင်ဆန်မုန့်လုံးနဲ့တွေ့တော့ အတန်းထဲကိုတူတူဝင်လာလိုက်ကြ၏။
အတန်းချိန်ကလည်းမစသေး ကန်တင်းကလည်းမသွားချင်တာကြောင့် အတန်းထဲတွင်ပဲထိုင်နေမိသည်။
ဆန်မုန့်လုံးကတော့ ဗိုက်ဆာတယ်ဟုဆိုကာကန်တင်းလစ်သွားလေ၏။
"ရွှတ် ရွှတ်"
လေချွန်သံတခုကိုကြားမိလိုက်ပါသော်လည်း ကိုယ့်ကိုခေါ်တာမဟုတ်မှန်းသိ၍ လှည့်တောင်မကြည့်......
"ရွှတ် ရွှတ်"
နောက်ထပ်လေချွန်သံကြောင့် ကိုယ့်ကိုခေါ်တာလားဟု ဇဝေဇဝါဖြစ်သွားခဲ့ပေမယ့်လည်း လှည့်မကြည့်ဖြစ်သေး.......
"ရွှတ် ရွှတ်"
"ဟာ....ဘာလဲကွာ"
ထယ်ယောင်းစိတ်ရှုပ်စွာလှည့်ကြည့်မိတော့ မျက်နှာကလည်းမကြည်လင် မျက်ခုံးနှစ်ဖက်ကလည်းထိလုမတတ်.....
အခန်းတံခါးဝရှိ ပြတင်းပေါက်နားတွင် သူ့ကိုမေးဖျားထောက်ကာကြည့်နေသော အပိုးမကြိုးသည့်မျက်နှာနှင့်ကောင်လေးတစ်ယောက်...
"ခဏ....ဒီမျက်နှာငါမြင်ဖူးပါတယ်"
ပြီတီတီမျက်နှာနှင့်ကြည့်ကာ မျက်လုံးတစ်ဖက်မှိတ်ပြမှ ကျောင်းပထမဆုံးရက်ကကျောင်းအဝတွင်ပါးရိုက်ခံရသောဟိုသကောင့်သားလေးမှန်း မှတ်မိသည်။
မေးထောက်ထားရာမှ အခန်းတွင်းသို့ဝင်လာကာ သူရှိရာသို့ရောက်လာလေ၏။
"Baby Hyung....ကျောင်းအစောကြီးရောက်နေတာလား"
What the fuck....ဒီမလောက်လေးမလောက်စားလေးကသူ့ကို baby hyung လို့ခေါ်လိုက်တာလား....
"မင်းကဘယ်သူလဲ"
မျက်နှာထားတည်တည်အသံ ငြိမ်ငြိမ်နှင့်ရှိန်သွားအောင်ပြောလိုက်ပေမယ့် ထိုသကောင့်သားကပိုလို့တောင်အချိုးမပြေတော့.....သူမေးဖျားလေးကိုလက်ညှိုးလေးနှင့် ဆွဲပွတ်လိုက်ကာ.......
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜