Unicode
သူ့ရဲ့အကိုသေးသေးလေးကဒီနေ့စာပြပေးမယ်တဲ့ ။ ဒါမျိုးကို JungKook တို့လက်လွှတ်မခံ ။ အကိုသေးသေးလေးကိုသူ့အိမ်ကိုအပါခေါ်ရမည် ။ omma နဲ့လည်းမိတ်ဆက်ပေးရမည် ။ ကိုယ့်အကြံနဲ့ကိုယ်တော့ ဟုတ်နေရောပင် ။
အိမ်ကိုခေါ်သာခေါ်ရသည် ဖင်တော့နည်းနည်းခပ်ကြိမ်းကြိမ်း ။ ရှိသမျှ iroman အင်္ကျီ၊ခြေအိတ်တွေကို ဗီရိုထဲစုပြုံထည့်ထားရသည် ။ တော်ကြာ မျက်စိရှေ့ထင်ထင်ရှားရှားမြင်ချင်ပါတယ်ဆို သူ့ image တွေထပ်ပျက်ရဦးမည် ။
ဆံပင်ကေကိုအတော်အသင့်လောက်ရွှိုင်းပြီး ကျောင်းသွားဖို့အောက်ဆင်းလာလိုက်သည် ။ လွယ်အိတ်ပုခုံးပေါ်တစ်စောင်းပစ်တင်လွယ်ပြီး အိမ်ကထွက်ဖို့အလုပ် မီးဖိုချောင်မှလှမ်းခေါ်တဲ့ omma အသံကြောင့်ရပ်သွားရသည် ။
"သားလေး...မနက်စာစားသွားဦး"
"မစားတော့ဘူး omma....အခုသွားမှမှီမှာလို့"
"ဘာတွေများအရေးကြီးနေလဲသားရယ်...မနက်တိုင်း မနက်စာမစားပဲကျောင်းကိုထွက်သွားတာကြာပြီနော်"
သားအမိနှစ်ယောက်ရဲ့စကားပြောနေသံကြောင့် ထမင်းစားခန်းထဲမှ အဖေဖြစ်သူကမျက်မှောင်ကြီးကျုံ့ကာလှမ်းကြည့်သည် ။
"ဟို ၁၀၉,၁၁၀....မနက်တိုင်းကျောင်းကို အားအားယားယားအစောသွားပြီးဘာလုပ်နေတာလဲ"
"အယ် ဘာမှမလုပ်ပါဘူး appa ရဲ့ ဟီးဟီး"
ဒီအပိုးမကျိုးတဲ့သားတစ်ယောက်နဲ့ သူ့မှာရင်မောရသည် ။ အခုထိ လုပ်ငန်းဆိုတာကိုလည်းစိတ်မဝင်စား ။ အခုမှ တက္ကသိုလ်တက်နေတုန်းမှန်ပေမယ့် အသိမိတ်ဆွေတွေရဲ့သားတွေက အားကိုးနေရပြီ ။ အမေဖြစ်သူကလည်းဘာမှမပြော ။ သားဖြစ်သူစိတ်ချမ်းသာသလိုလုပ်ချင်ရာလုပ်ခွင့်ပေးထားသည် ။
"Omma ရဲ့သားလေး ကျောင်းကိုအစောသွားပြီး ပိုးပန်းနေတာဟုတ်"
"ဟဲဟဲ omma ကဘယ်လိုသိ"
"အမလေး သိပါ့ သိပါ့....မင်း appa ငယ်ငယ်ကကျောင်းကိုအစောလာပြီး omma ကိုပိုးပန်းနေကျ"
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜