Unicode
အိမ်ရှေ့ရောက်လို့ဆိုင်ကယ်ကိုထိုးရပ်လိုက်သည်နှင့် သူ့ကျောပြင်ကိုတစ်ဘုန်းဘုန်းထုရိုက်လာပါလေတဲ့ Baby Hyung လေးရဲ့လက်သံကတအားပြောင်လွန်းသည်။
"ကဲဟာ ကဲဟာ ကတိမတည်တဲ့ဟာလေး ပြောတော့ ဖြည်းဖြည်းမောင်းမှာတဲ့"
"အာ့ Baby Hyung အာ့ နာတယ်လို့"
"လုဆိုးကောင် ငါတစ်စီလုပ်ပစ်တော့မှာ မင်းကို"
အားရပါးရထုရိုက်ပြီးမှ ဆိုင်ကယ်ပေါ်ကနေဆင်းသွားပြီး အိမ်ထဲဝင်ပြေးသည်။ Helmet ကြီးပါသွားတာ သတိထားမိပုံမပေါ်။ JungKook က Helmet ကိုဆွဲချွတ်ကာ ဆိုင်ကယ်ပေါ်ကဆင်းလာပြီး ပြုံးစိစိနဲ့သာရပ်ကျန်ခဲ့သည်။ သိပ်မကြာပါဘူး Helmet ကြီးကိုင်ပြီး အိမ်ထဲကနေ ဆောင့်ကြီး အောင့်ကြီးနဲ့ပြန်ထွက်လာသည်။
"အင့် မင်းဟာ မင်းပြန်ယူသွား"
Helmet ကိုသူ့ရင်ခွင်ထဲ ဘတ်ခနဲ ဆောင့်ထည့်သွားသည်။ JungKook မှာထိုဦးထုပ်ကိုလည်းအမြန်ဖမ်းလိုက်ရသလို ထိုအဘိုးကြီးပေါက်စလေးကိုလည်းကျန်လက်တစ်ဖက်နဲ့လှမ်းဆွဲလိုက်တော့ သူ့ရင်ခွင်ထဲ အလုံးလိုက်ပြိုကျဝင်လာသည်။
ရင်ခွင်ထဲရောက်လာတာမလို့ ခါးသိမ်သိမ်လေးကိုဆွဲပွေ့လိုက်တော့ ရင်ဘတ်ကို တဘုန်းဘုန်းထုပြန်သည်။"ဟေ့ကောင် လွှတ်"
"Baby Hyung ပြောတာမှားနေတယ်...ဒါကျွန်တော့်ဟာမဟုတ်ဘူး ဒါကမှကျွန်တော့်ဟာလေး"
ညာဘက်လက်ကကိုင်ထားသည့် ဦးထုတ်ကိုခါယမ်းပြပြီး သူ့ခါးကို ပိုမိုဆွဲကပ်လိုက်တာကြောင့် နီးကပ်သွားခဲ့သည့်မျက်နှာနှစ်ခု။ နားအနားကပ်ကာပြောလိုက်သည့် နှစ်ကိုယ်စာကြားရုံ စကားသံကြောင့် TaeHyung မနေတတ်စွာ မျက်နှာကိုအနောက်သို့ဆုတ်လိုက်မိသည်။
"ဖယ် ဖယ်လို့ပြောနေတယ်လေ"
"Baby Hyung ပဲကျွန်တော့်ဟာကိုပြန်ယူသွားဆို...အခု ယူထားပြီလေ"
"JeonJungKook ဖယ်လို့"
"မဖယ်ပေးချင်ဘူးလို့....ဒါနဲ့ ကျွန်တော်ပြောထားတာလေးကို အခုထိမစဉ်းစားပေးသေးဘူးလား"
YOU ARE READING
A Boy Named JeonJungKook [Completed]
Fanfictionကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜