Part 2 ( uni+zg) 🔞

4.8K 202 2
                                    

Unicode

ပြင်းရှရှအနမ်း

အပိုင်း ( 2 )

*ခွပ်

ရှောင်ကျန့်ကို အကျီ်လည်ပင်းမှာ ကိုင်မြှောက်ကာ မျက်နှာကိုလက်သီးဖြင့်ထိုးလိုက်သည်။ထိုအခါ ရှောင်ကျန့် မှာလဲကျသွားလေသည်။ထိုနောက်မျက်နှာကို သုံးလေး ချက်လောက်
ဆင့်ထိုး လိုက်သောအခါ နှုတ်ခမ်းများ ပေါက်ပြဲကာ သွေးများထွက်နေသည်။

ရိပေါ်သည် ရှောင်ကျန့်၏ အကျီ်ကော်လံနားကို
ကိုင်ဆွဲကာ ထက်ထိုးမယ် အလုပ်တွင် အသံတိုး
တိုးလေး ဖြင့်

"ဘာ......လို့ များ အခုလို.....လုပ်နေရတာလဲ"

ထို့နောက် ရှောင်ကျန့် ရိပေါ် အပေါ်သို့ လဲကျကာ မေ့လဲသွား
လေသည်။ ထိုအခါ မေ့လဲ နေသောရှောင်ကျန့်ကို တွန်းထုတ်လိုက်သည်။ ရှောင်ကျန့်မှာ ပစ္စည်းများပေါ်သို့ ခွေခွေလေး
မေ့လဲနေသည်။

"တကယ့် အမှိုက်ပဲ"

အခန်းအပြင် သို့ထွက်သွားကာ ချီရန်ကို လှမ်းခေါ်လိုက်သည်။

"Boss"

"သူ့ ကို ငါ့ အိမ်တော်ကို ခေါ်လာခဲ့"

"ဟုတ်ကဲ့"

ချီရန် ကုန်လောင်ခန်းသို့ဝင် သွားကာ ရှောင်ကျန့်ကို ပွေ့ချီ၍
အခန်းထဲ မှထွက်လာလေသည်။ ရှောင်ကျန့် ကို တစ်ချက်ကြည့် ပြီးမှ ရိပေါ် လှည့်ထွက်သွားခဲ့သည်။

နောက်တစ်နေ့ မနက်ရောက်တဲ့ အခါ ရှောင်ကျန့် နိုးလာခဲ့သည်။ တစ်ကိုယ်လုံး ကိုက်ခဲပြီး ထုံကျင်နေသည်။

*အဟွက် အဟွက်

ရှောင်ကျန့် ကုတင်ပေါ်မှ ထကာ အခန်းတံခါးကို မဖွင့် ရဲ့ ဖွင့် ရဲ နဲ့ သူ ဖွင့်လိုက်လေသည်။ ထိုအခါ နန်းတော်သဖွယ်ကျယ်ပြီး လှပနေသော အိမ်တော်ကို တွေ့လိုက်ရသည်။

"ဝါး ဘာလို့ အိမ်က ဒီလောက်တောင်ကျယ်ရတာလဲ"

ရှောင်ကျန့် အခန်းထဲမှ ထွက်ကာ ဟိုကြည့်ဒီကြည့် ကြဘ့်နေလေသည်။ ထိုအချိန်

"အပြင်ကို ဘာထွက်လုပ်နေတာလဲ"

"အား" လန့်ကာ ဖင်ထိုင်ရက် ချောလဲသွားသည်

ပြင်းရှရှအနမ်းWhere stories live. Discover now