Part 10 (uni +zg)

2.9K 182 2
                                    

Unicode

ပြင်းရှရှအနမ်း

အပိုင်း ( 10 )

"ဘာမှ မရှိတော့ ငါက ဘယ်လို အိပ်ရမှာလဲ"

ရှောင်ကျန့် စိတ်ပြတ်လက်ပြတ်ဖြင့် ကုတင်ပေါ်သို့ ထိုင်လိုက်သည် ။ ခဏကြာသော အခါ... ,

"ဆောင်းရာသီရောက်လာလို့လညး မသိဘူး အေးစိမ့်စိမ့်တောင်ဖြစ်လာပြီ အခု ဘယ်နှစ်နာရီ ထိုးပြီလဲ မသိဘူး "

ရှောင်ကျန့် နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို အချိန်မှာ ည 9 နာရီ ရှိပြီ ဖြစ်သည်။ ရှောင်ကျန့် စဥ်းစားလိုက်သည်
ဒီအချိန်ဆို ဟိုလူ အိပ်နေလောက်ပြီထင်တယ်။

"ငါ အခန်းအပြင်ထွက်ပြီး အန်တီကို စောင်ခေါင်းအုံး အပို ရှိလား သွားမေးရမယ်"

ရှောင်ကျန့် သူ၏ အခန်းတံခါးကို သေးသေးလေးဖွင့်ကာဘအပြင်ဘက်သို့ချောင်းကြည့်နေသည်။ အပြင်တွင် ဘယ်မှ မရှိကြောင်းတွေ့လိုက်သည် ။ထို အခါသူ ခြေသံဖွဖွ လေးဖြင့် တံခါးကို တိတ်တိတ်လေးဖွင့်လိုက်ကာ အပြင်သို့ထွက်လိုက်သည် ။ သူလှေကားထစ်နားသို့ ဖြေးဖြေးလေးလျောက်သွားကာ လှေကားထစ် တစ်ဆင့်ကိုဆင်းရန် သူလုပ်လိုက်သည်။

ထိုအချိန်တွက်ပဲ သူကို ပခုံးပေါ်သို့ လက်တစ်ဖက်တင်လိုက်ကာ  ......

"ခိုးကြောင် ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ"

ရှောင်ကျန့် လန့်သွားကာ ပြုတ်ကျတော့မလို ဖြစ်သွားသည်။ထိုအခါ ရှောင်ကျန့်ကို လက်မှလှမ်းဆွဲလိုက်ကာ ရင်ခွင်ထဲသို့ဝင်သွားလေသည်။ ရှောင်ကျန့် မော့ကြည့်လိုက်သောအခါ ရိပေါ်ဖြစ်နေသည်။

"အာ "

ရှောင်ကျန့် အမြန် ရိပေါ်ကို တွန်းလိုက်ကာ မတ်တက် ရပ်လိုက်သည်။

"ဟို "

"အခန်းထဲမှာ မနေ ဘဲအပြင်ဘာထွက်လုပ်နေတာလဲ"

"အန်တီ စီသွားမလို့ ဟို  ....... မရှိလို့"

"အခန်းထဲမှာ အကုန်ရှိတာ် အခု အန်တီက အိပ်နေလောက်ပြီ သွား နှောက်ယှက်ဖို့ မကြံနဲ့ သွား အခန်းထဲ ပြန်ဝင်တော့"

ပြင်းရှရှအနမ်းWhere stories live. Discover now