Part 4 (uni+zg)

3.1K 190 1
                                    

Unicode

ပြင်းရှရှအနမ်း

အပိုင်း ( 4 )

ရှောင်ကျန့်တစ်ယောက် အခန်းထဲရှိ ကုတင်ပေါ်တွင်ထိုင်နေလေသည်။ ထိုနောက်သူ ပြတင်းပေါက်ကို ကြည့်နေရင် အပြင်တွင် နှင်းလေးများကျနေကြောင်း သူတွေ့လိုက် ရတယ်။

"အပြင်မှာ နှင်းလေးတွေ ကျနေတာပဲ "

ရှောင်ကျန့် ခဏကြာသောအခါ သူအေးလာကြောင်းသိလိုက်ရသည်။ သူ့အထင်တော့ နှင်းတွေ ကျ ပြီးဆောင်းရာသီ ဖြစ်နေတာကြောင့် အေးတယ်ထင်သည်။ တကယ်ကတော့ နှင်းကျတာက ကျတာပဲ အပူချိန်ကို ချီရန် -1 အထိ ထားခဲ့တာကြောင့်လည်းပါသည်။ တစ်ဖြည်းဖြည်း ရှောင်ကျန့်၏ ခန္ဓာကိုယ်လေး
အေး သောကြောင့် တုန်ပါနေသည်။ သူခန္ဓာကိုယ်ကို စောင်ဖြင့် ပတ်ထားသော်လည်း စောင်က သူ့ကို နွေးထွေးအောင် လုပ်မပေးနိုင်ပေ။

*ဟက်ချေး ဟက်ချေး

အေးသောကြောင့် နှစ်ခါတောင် ချေမိနေသည် ။

"ဘာ လို ဒီလောက်တောင် စိမ့်တက်နေရတာလဲ မသိဘူး ညရောက်လာလို့ နဲ့တူတယ်"

ရှောင်ကျန့် အရမ်းချမ်းလာကာ သွားများ အပေါ်နဲ့ အောက်ရိုက်ကာ တစ်ကိုယ်လုံး တုန်တက်နေလေသည်။ ဒီလို နဲ့ပဲ အချိန် နှစ်နာရီလောက်ကြာသွားသည်။

*ဝုန်း
တံခါး ကို စောင့်ကန်ကာ ဖွင့်လာသော ရိပေါ်

ရှောင်ကျန့်သည် ကုတင်ပေါ်တွင် စောင်ဖြင့် ပတ်ကာထိုင်နေရင်း တံခါးကို စောင့်ကန် ဖွင့်လာသော ဝမ်ရိပေါ်ကို မောုကြည့်လိုက်သည်။ ထို လူသားမှာ မျက်နှာကို ခပ်တည်တည် ဖြင့် လူသတ်တော့ မည့် အကြည့်ုဖြင့် ရှောင်ကျန့်ကို ကြည့်နေလေ
သည်။ ထိုနောက် ရှောင်ကျန့်စီ လျောက်လှမ်းလာကာ ကိုယ်ပေါ်မှာ စောင်များကို ဆွဲခွာပစ်လိုက် လျှင်ပင်

"ဘာလုပ်တာလဲ ကျွန်တော် ချမ်းနေလို စောင်ပြန်ပေးပါ"

ရိပေါ်မှာ ဘာစကားမှ ပြန်အပြောဘဲ ရုပ်တည်ကြီးနဲ့သာ ရှောင်ကျန့်ကို ပွေ့ချီလိုက်သည်။

"ဘာလုပ်တာလဲဗျ"

ရှောင်ကျန့်ကို ပွေချီရက်သားဖြင့် အခန်းအပြင်သို့ ထွက်သွားလေသည်။

ပြင်းရှရှအနမ်းWhere stories live. Discover now