Part 12 (uni+zg)

4.7K 228 48
                                    

Unicode

ပြင်းရှရှအနမ်း

အပိုင်း ( 12 )

ရှောင်ကျန့် ဟင်းများချက်ပြုတ်ပြီး သောအခါ အပေါ်ထပ်သို့ တက်သွားလေသည်။ ထို့နောက် သူ့အခန်း သူဝင်သွားပြီး ကုတင်ပေါ်တွင် ထိုင်နေလိုက်သည်။

"ငါ သူ့အပေါ် မှာ ရှိနေတဲ့ အကြွေးကို ဘယ်လို ပြန်ဆက်ရပါ့မလဲ "

ထို့နောက်သူ ကုတင်ပေါ်သို့ နောက်ပြန်လှဲချလိုက်သည်။

" ဒါပင်မယ့် ငါအရင်က ကိစ္စတွေကို ဘာကြောင့် မမှတ်မိရတာလဲ စဥ်းစားလို့ကို မရဘူး "

သူစဥ်းစားရင်း နဲ့ပဲမျက်လုံးလေးမ​ျား မှေးစင်းလာကာ အိပ်ပျော်သွားလေသည်။ သူအိပ်ပျော်သွားသည့် အချိန်မှာ ည ၇ နာရီ ဖြစ်သည်။ ဒီလိုနဲ့ ပဲ့ သူအိပ်ပျော် သွားလိုက်ရာ ရိပေါ်အိမ်ပြန် ရောက်တာကိုတောင် မသိခဲ့ချေ။

ည 7:30 သို့ ရောက်သောအခါ.......

ရိပေါ်နဲ့ ကောင်မလေးတစ်ယောက် အိမ်တံခါးကို ဖွင့်ကာ ဝင်လာခဲ့လေသည် ။ အိမ်တော် ထိန်းမှ တံခါးဖွင့်သံကို ကြားသော အခါ လျင်မြန်စွာ စီးကြို ရန် လာလေသည်။ သို့သော် အိမ်တော်ထိန်း၏ ခြေလှမ်းများ မှရပ်တန့် ခဲ့သည်။

"သခင်လေးရိပေါ် သူက ဘယ်လိုဖြစ်လို့"

"အန်တီ မတွေ့ရတာတောင် ကြာပြီနော် အန်တီချက်တဲ့ ဟင်းတွေကို လွမ်းနေတာ"

"သခင်မလေး က အိမ်ကို ပြန်လာရမယ့် အချိန်လဲ မဟုတ်သေးဘဲ နဲ့ ဘာလို့ ပြန်ရောက်လာတာလဲ"

"အဲ့ဒါလား ကောကောကို စပရိုက် ဖြစ်အောင် အပြောဘဲ ပြန်လာတာလေ...... ဘာလဲ အန်တီက ရီဟွာ ပြန်လာတာမကြိုက်ဘူးလား "

"သခင်လေး ဧည့်သည်ဆိုတာ သူလား"

"ဟုတ်တယ် သူက အန်တီ ချက်တဲ့ ဟင်းတွေကို လွမ်းလို့တဲ့ ပြင်ဆင်ပြီး ပြီလား"

"အားလုံး အသင့်ပါပဲ သခင်လေး"

"WoW ဒါဆို စားသောက်ခန်းကို သွားရမယ်"

ရီဟွာ = ဝမ်ရိပေါ် ရဲ့ မွေးစားညီမ ဝမ်ရီဟွာ

ရီဟွာ တစ်ယောက် ဘာမှပြောခြင်း ဆိုခြင်း မရှိဘဲ စားသောက်ခန်းထဲကို သူ၏ အထုတ်ကိုတောင် မသိမ်းဘဲ သွားလေသည်။

ပြင်းရှရှအနမ်းWhere stories live. Discover now