Part 11 (uni+zg)

2.7K 171 4
                                    

Unicode

ပြင်းရှရှအနမ်း

အပိုင်း ( 11 )

ဝမ်ရိပေါ်သည် ကုမ္ပဏီတွင် အလုပ်လုပ်နေရင်း သူ့စီကို ဖုန်းဝင်လာလေသည်။

*တီ တီ တီ တီ

"ဟယ်လို"

"..........."

"ဟယ်လို"

ရိပေါ်သည် ဖုန်းမှားဆက်သည်ဟု ထင်ကာ ဖုန်းကို ချထားလိုက်သည်။ ထိုအခါ ထက်ဖုန်းဝင်လာသည်။

"ဟယ်လို "

"​​ကော ညီမ ပြန်ရောက်နေပြီ အခု လေဆိပ်မှာ လာခေါ်"

"ဟမ် "

ရိပေါ်ကို ဖုန္းချလိုက်သည်နှင့် သူ၏ရုံခန်းထဲမှ အပြင်ကို ထွက်ကာ သူကိုယ်တိုင်ကားမောင်းပြီး လေဆိပ်စီသို့ အမြန်မောင်းသွားလေသည်။ ထိုနောက်လမ်းတစ်ဝက်လေက်ရောက်သောအခါ မီးပွင့် မိကာကား အများစုကျပ်ပြီး လမ်းပိတ်နေလေသည်။ ထို့ကြောင့် ရိပေါ်စိတ်မရှည်ကာ မျက်မှောင်ကို ကျုံ့ထားလိုက်သည်။ မိနစ် 30 လောက်ကြာသောအခါ ရိပေါ် လေဆိပ်သို့ ရောက်သွားလေသည်။  အထဲသို့ ရောက်သောအခါရိပေါ်သည် ဟိုကြည့်ဒီကြည့်ဖြင့် လျောက်ကြည့်နေသည်။  ရိပေါ်ကို အနောက်မှ အသံ ချစ်စရာကောင်းသောအသံ ဖြင့် မိန်းကလေး တစ်ယောက် မှ လှမ်းခေါ်လိုက်သည်။

"ရိပေါ် ကောကော"

ရိပေါ် အနောက်ကို လှည့်ကြည့်လိုက်သော အခါ ချစ်စဖွယ်ကောင်မလေးမှ ရိပေါ်ကို ပြေးကာ ဖက်လိုက်သည်။

"ဟွာအာ့ မင်း စာသင်နှစ်လည်း မပြီးသေးဘဲ ဘာလို့ပြန်လာတာလဲ"
ပြောလိုက်ပြီ နှာခေါင်းထိပ်လေးကို ဖွဖွလေား ညစ်ပြီး ပြောလိုက်သည်

"ကောကော ကို လွမ်းလိ​ု့ပြန်လာတဲ့ ညီမကို ဒါကြိုဆိုတဲ့ စကားလား ညီမလေးကို သတိမရဘူးလား"

"သတိရပါတယ် ဒါပင်မယ့် "

"သတိရတယ်ဆို တော်တော့ ဒါပင်မယ့်ကို ဆက်မပြောနဲ့တော့
လာအိမ်ပြန်မယ် အန်တီချက်ကျွေးတဲ့ ထမင်းနဲ့ ဟင်းကို အရမ်းစားချင်လာပြီ"

"အန်တီက မင်းလာမှန်းမသိသေးဘူးလေ ကောအရင်ဖုန်းဆက်လိုက်အုန်းမယ်"

ပြင်းရှရှအနမ်းWhere stories live. Discover now