Unicode
ပြင်းရှရှအနမ်း
အပိုင်း ( 6 )
ရိပေါ် တစ်ယောက် ကုမ္ပဏီမှာ ထိုင်နေရင်းဖြင့် သူစဥ်းစားနေလေသည်။ ရှောင်ကျန့်ကို သူ ဘယ်လိုလုပ်ရမလဲ ပေါ့ ။ သူစဥ်းစားရင်း စဥ်းစားရင်းဖြင့် သူ ဘာလုပ်ရမလဲ ဆိုတာ သိသွားပြီ
ဖြစ်သည်။ ထို့ကြောင့် သူ Boss အခန်းထဲ မှထွက်ကာ ..."ချီရန် "
"ဟုတ်ကဲ့ Boss "
"အိမ်ပြန်မယ်"
"ဗျာ အစောကြီးပဲ ရှိသေးတယ်လေ Boss"
"ငါ လုပ်စရာရှိလာလို့ ကားအသင့်ပြင်"
"ဟုတ်ကဲ့ Boss"
ရိပေါ် တစ်ယောက် ကားဖြင့် ချီရန်မောင်းကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ ပြန်ရောက်သောအခါ.....အိမ်တော်ထိန်းနဲ့ တန်းတိုးလေသည်။
"သခင်လေး အစောကြီး ပြန်လာတာလား "
"ဟိုတစ်ယောက်ကော"
"မနက်စာ စားပြီး ကတည်းက အောက်ထပ်ကို ဆင်းမလာပါဘူး သခင်လေး"
ရိပေါ် ဘာမှမပြောဘဲ အပေါ်ထပ်သို့ တက်သွားလေသည်။ ထိုအခါ အိမ်တော်ထိန်းမှာ သူ၏သား ချီရန်ကို မေးလိုက်သည်။
"သား နင့် Boss ဘယ်လို့ ဖြစ်လို့ ဒီလောက်အလော တကြီးဖြစ်နေတာလဲ"
"သားလည်း မသိဘူး အမေ"
ရိပေါ် အပေါ်ထပ် ရှောင်ကျန့် အခန်းရှေ့သို့ကောက်သောအခါ
ခဏရပ်နေလိုက်သည်။ ရှောင်ကျန် မှာတော့ အခန်းထဲတွင်လှဲနေရင်း"အမလေးဗိုက်က ဆာပြန်ပြီ ဟိုလူတော့ အခုထိပြန်မရောက်သေးလောက်ပါဖူး ငါအောက်ထပ်ဆင်းစားလည်း သူမသိလောက်ဖူး"
ရှောင်ကျန့် တံခါးကို ဆွဲဖွင့်လိုက်သည့် အချိန် နှင့် ရိပေါ် တံခါးကို အားဖြင့် တွန်းလိုက်သော အချိန်တို့မှာ တိုက်ဆိုင်သွားလေသည်။ ထိုအခါ ရှောင်ကျန့် အနောက်သို့ ပစ်လဲမည့် အချိန် ရိပေါ်မှာ ရှောင်ကျန့်၏ ခါးကို လက်ဖြင့်ထိန်းပေးလိုက်သည်။
သူတို့နှစ်ယောက်၏ ရင်ဖက်ချင်းနီးကပ်သွားလေသည်။ ထိုအချိန်တွင် ရှောင်ကျန့်၏ နှလုံးခုန်သံများ ယုန်တစ်ကောင်ခုန်
နေသကဲ့သို့ တဒုန်းဒုန်း ဖြစ်နေသည်။ သို့သော် ရိပေါ်မှာစကား မပြော မလှုပ်မရှပ် ခပ်တည်တည်ဖြင့် ရှောင်ကျန့်ကို ထိန်းထား သောလက်ကို လွှတ်ချလိုက်သည်။
YOU ARE READING
ပြင်းရှရှအနမ်း
Romance💚ငါမင်းကို သတ်ပြစ်ချင်လောက်အောင်အထိ မုန်းတယ် ရှောင်ကျန့် 💚 ❤တကယ်လို့ ဒီလိုကိစ္စတွေ မဖြစ်ဘဲသာမာန် အတိုင်းတွေ့ ဆုံကြမယ်ဆို သိပ်ကောင်းမှာဘဲ ❤ ဒီ Fic လေးမှာ အပြောအဆိုတွေ ရိုင်းပြီး 🔞🔞🔞အခန်း တွေ များများပါမှာ ဖြစ်တဲ့အတွက် မဖတ်ခင်ကြိုတင်သတိပေးအပ်ပါတယ...