Part 7 ( uni+zg)

3K 196 5
                                    

Unicode

ပြင်းရှရှအနမ်း

အပိုင်း ( 7 )

ရှောင်ကျန့်သည် ဝမ်းနည်းနေသော ပုံစံဖြင့် ကားပေါ်သို့ပါလာ
သည်။ ရိပေါ်သည် ရှောင်ကျန့်၏ လက်ကောက်ဝတ်ကို ဆွဲထားတာ ကားပေါ်ရောက်မှ လွှတ်ရမှန်း သတိရလေသည်။
ထို့နောက်ရိပေါ်သည် ရှောင်ကျန့်ကိုကြည့်လိုက်သောအခါ
ဝမ်းနည်းနေသော ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ရိပေါ်မှာ သွေးအေးစမြဲ မတုန်တလှုပ်ဖြစ်ပြီး ဘာမှ
မပြောချေ။ ရှောင်ကျန့် သူ၏ဘေးတွင် ထိုင်နေသော ရိပေါ်
ကို မျက်နှာငယ်ဖြင့်ကြည့်နေလေသည်။ ရိပေါ်မှာတော့ မသိချင်ယောင် စောင်နေစမြဲ ။ ရှောင်ကျန့် ပြောချင်သည်ကို ထိန်း
မရဘဲ ရိပေါ်ကို လက်မောင်းကို လက်ညှိုးဖြင့် တို့လိုက်သည်။
ထိုအခါ ရိပေါ် လှည့်ကြည့်လိုက်သည်။

"ဟိုလေ နောက်တစ်ခါ အမေ့ ကို ထပ်တွေ့လို့ရသေးလား"

"မရဘူး ဒါနောက်ဆုံး" လေသံမာမာဖြင့်

"အိမ်မှာ ပြောတုန်းက အမေက ကျွန်တော့်ကို အချိန်အရွေးလာတွေ့လို့ရတယ်ဆို"

"မင်းကတော့ သွားတွေ့လို့မရဘူး"

"ဒါဆို အမေကို"

"တော်လိုက်တော့ ငါနားညီးနေပြီ တစ်မေ ထဲ မေ နေတာ မင်း
အမေအရင်း ဟုတ်လို့လား ဒီလောက်ဖြစ်နေတာ "

"ဟို" ရှောင်ကျန့်မျက်ရည် ဝဲသွားကာ ဘာမှဆက်မပြောဘဲ ရိပေါ်ကို ဆက်မကြည့်တော့ဘဲ ရှေ့ခုန်နောက်ကြောကိုသာ
စိုက်ကြည့်နေသည်။

ဒီလိုနဲ့ တစ်လမ်းလုံး ဘာစကားမှ ထပ်မပြောတော့ညဲ တိတ်​ဆိတ်စွာ အတူပါလာကြပြီး ရိပေါ်အိမ်ကို ပြန်ရောက်သွားကြသည်။

အိမ်ရောက်သောအခါ ရှောင်ကျန့် ကားပေါ်မှ ဆင်းကာ အိမ်
တံခါးပေါက်သို့ တန်းတန်းမတ်မတ် သွားကာ တံခါးပေါက်ရှေ့တွင် မတ်တပ်ရပ်ကာ ဘဲတီးရန် လုပ်လိုက်သည်။

"ခဏ"
ချီရန်​ေရာက်လာပြီး ကဒ်ဖြင့် တံခါးကိုဖွင့်လိုက်သည်

"ကေျးဇူးပါ" ရှောင်ကျန့် ပြောပြီး အိမ်ထဲသို့ ဝင်သွားသည်။ ထို့
နောက် လှေကားထစ်များသို့ လျောက်လှမ်း သွားကာ အပေါ်ထပ်သို့ တက်သွားလေသည်။

ပြင်းရှရှအနမ်းWhere stories live. Discover now