Part 13 ( uni+zg)

1.2K 81 8
                                    

Unicode

ပြင်းရှရှ အနမ်း

အပိုင်း ( 13 )

ရှောင်ကျန့် ရဲ့ ကုတင်ပေါ်ရဲ့ အစွန်းတွင်ရိပေါ်
တစ်ယောက်ထိုင်ကာ ပြောလိုက်သည်

"ရှောင်ကျန့် ငါမင်းကို မုန်းတယ် ဒါပင်မယ့် မသေစေ ချင်ဘူး"

ဟု တီးတိုးစွာ ပြောနေသည်

ထို့နောက် ရှောင်ကျန့်၏ ကိုယ်မှ ချွေးစေးများ ကျလာ သည်ကို သတိထားမိလိုက်သည် ။ အိမ်မက် ဆိုးများမက်နေ ဟန်နှင့် အလွန်တူနေပေသည် ။ ထိုအချိန် တွင် ရှောင်ကျန့်မှ ဂယောင်ဂတမ်း စကားများ ထပြောလေသည်

"မလုပ်နဲ့...... မလုပ်ကြပါနဲ့..... "

ထိုအခါ ရိပေါ်မှ ရှောင်ကျန့်၏ ခန္ဓာကိုယ်ကို လက်ဖြင့် လှုပ်ခါ နှိုးလိုက်သည်

ရှောင်ကျန့်မှ သူ၏ မျက်လုံးနှစ်စုံကို ဖွင့်ကြည့်လိုက်သောအခါ နံဘေးတွင် ခန့်ခန့်ညားညား ဖြင့် ထိုင်နေသော ရိပေါ်ကို တွေ့လိုက်ရသည်။ လန့်ကာ အမြန် ထ ထိုင်​လိုက်လျက်...

"ဘယ်....ဘယ်တုန်းထဲက ရောက်နေတာလဲ"

ဘာမှ မပြောဘဲ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ

"နောက်တခါ ငါ့ ခွင့်ပြုချက်မရှိဘဲ ဟင်းချက်ခန်းထဲ ဝင်စရာ မလိုဘူး"

"......"

"ကြားလား"

"ဘာဖြစ်လို့လဲ "

"မင်း ငါ့ကို ပြန်မေးစရာ အကြောင်းမရှိဘူး ငါက သခင် ငါ့ စကားကို နားထောင်ရမယ်"

"......."

ရိပေါ်သည် မျက်နှာကို တည်လိုက်ကာ အခန်းထဲ မှ ထွက်ခွာသွားလေသည်။ အခန်း ထဲမှာ ကျန်ခဲ့ တဲ့ ရှောင်ကျန့် တစ်ယောက်မှာ ပြန်ပြော စရာများ မဲ့နေခဲ့သည်

ထို အချိန် တွင် ချီရန် အခန်းထဲ ဝင်လာ သည်

"ဟို..... ထမင်း စားဖို့လာ ခေါ်တာပါ"

"ငါ့ကို လား "

"ဟုတ်ကဲ့"

"ဒါပင်မယ့် ဟိုလူ...... မင်းBoss က"

"သူခေါ် ခိုင်းလိုက်လို့ပါ"

"......"

"ဒါဆို ကျွန်တော် သွားလိုက်ပါ အုန်းမယ်"

ပြင်းရှရှအနမ်းWhere stories live. Discover now