unicode
ပြင်းရှရှ အနမ်း
အပိုင်း ( 17 )
ကောင်းကင်တွင် အလင်းရောင် အနည်းငယ်သာ ကျန်နေချိန် 6:50 pm သို့ရောက်ရှိ လာခဲ့သည်။ ကမ်းခြေတွင် ရောင်စုံမီးတန်း လေးများ ၊ စားသောက်ဆိုင် လေးများ ဖြင့် စီကားနေခဲ့သည်။ ထိုမြင်ကွင်းများကို ရိပေါ်ကြည့်နေခဲ့သည်။ ထိုနောက် သူ့၏ ဘေးနားမှ ရှောင်ကျန့်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"စားလို့ ပြီးပြီလား"
ရှောင်ကျန့်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
"ပိုက်ဆံ ရှင်းမယ်"
စားပွဲထိုး ကောင်လေးမှ လာလေသည်။
"ဘယ်လောက်ကျလဲ"
"အကိုတို့ နှစ်ယောက်က စုံတွဲတေ မလို့ 50% လျော့ပေးထားပါတယ်"
ရှောင်ကျန့်မှ ရိပေါ်ကို မသိမသာလေး ခိုးကြည့်လိုက်လေသည်။ ရိပေါ်၏ အမူအရာမှာ
တစိုးတစိမျှ မတုန်လှုပ်ဘဲ"ကဒ် နဲ့ ရှင်းလို့ ရတယ်မလား"
"ဟုတ်ကဲ့ ရပါတယ် ခင်ဗျာ"
ငွေရှင်းပြီးသော အခါ ထို စားသောက်ဆိုင်မှ ထွက်လာကြသည် ။ ကမ်းစပ်နားတွင် လမ်းလျောက်ရင်း.....ရှောင်ကျန့်မှ..
"ဟိုလေ မေးစရာလေး ရှိလို့"
လမ်းလျောက်တာ ရပ်ကာ ရှောင်ကျန့်ကို ကြည့်လိုက်ကာ .....
"မေး"
"ဒီကို ဘာလို့ ခေါ်လာတာလဲ"
"......."
"ပုံမှန်ဆိုရင် ကျွန်တော်ကို အပြင် မထွက်စေချင်ဘူး မလား"
"ဒီကို လာရတာ မကြိုက်ဘူးလား"
"ကြိုက်ပါတယ် ...... ကမ်းခြေကို"
"အရင်က ဒီကို ရောက်ဖူးလား"
"မရောက်ဖြစ်ဘူးတစ်ခါမှ "
"ဘာဖြစ်လို့လဲ"
"ငယ်ငယ်က ချူချာတော့လေ ဘယ်မှ သိပ်မရောက်ဖူးဘူး"
ရိပေါ်လည်း ဘာမှ မပြောဘဲ လမ်းဆက်လျောက်လေသည်။ ထို့နောက် သူတို့ ၏ အရှေ့တွင် ကောင်လေး နှစ်ယောက် လက်ချင်းကိုင်ကာ လမ်းလျောက်နေသည်ကို တွေ့လိုက်ရသည်။
YOU ARE READING
ပြင်းရှရှအနမ်း
Romance💚ငါမင်းကို သတ်ပြစ်ချင်လောက်အောင်အထိ မုန်းတယ် ရှောင်ကျန့် 💚 ❤တကယ်လို့ ဒီလိုကိစ္စတွေ မဖြစ်ဘဲသာမာန် အတိုင်းတွေ့ ဆုံကြမယ်ဆို သိပ်ကောင်းမှာဘဲ ❤ ဒီ Fic လေးမှာ အပြောအဆိုတွေ ရိုင်းပြီး 🔞🔞🔞အခန်း တွေ များများပါမှာ ဖြစ်တဲ့အတွက် မဖတ်ခင်ကြိုတင်သတိပေးအပ်ပါတယ...