Part 14 (uni+zg)

1K 66 8
                                    

Unicode

ပြင်းရှရှ အနမ်း

အပိုင်း( 14 )

နောက်တနေ့ မနက်ခင်းသို့ ရောက်သောအခါ......🌞🌞🌞

ဝမ်ရိပေါ်တစ်ယောက် စာဖတ်ခန်းတွင် ထိုင်နေလေသည်။ ညဘက်တွင် အိမ်မက်မက်၍ လန့်နိုးကာ ဆက်အိပ်တာ မရတော့လို့ တညလုံး စာဖတ်နေခြင်း ဖြစ်သည် ။

ထိုနောက် အခန်း တံခါးကို တစုံတယောက် လာ ခေါက်လေသည်။

*ဒေါက် ဒေါက် ဒေါက်

"Boss "

"ဝင်ခဲ့ "

ထိုသူ မှာ ချီရန် ဖြစ်သည်။

"ဘာကိစ္စရှိလို့ လဲ "

"Boss စုံစမ်းခိုင်းတဲ့ ကိစ္စလေ "

"အေး သိခဲ့ပြီလား"

"ကျွန်တော် လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်"

"....."

"အဲ့သူက လွန်ခဲ့တဲ့ 8 နှစ်တုန်းက ရှောင်ကျန့်ရဲ့ အတန်းတူ တစ်ယောက်ပါ"

"အဲ့တော့ သူက "

"လွန်ခဲ့တဲ့ 8 နှစ်တုန်းက အမှုရဲ့ မျက်မြင်သက်သေ"

ရိပေါ်သည် ထိုင်နေရာမှကာ......

"အဲ့သူ ရဲ့ တည်နေရာကို သိလား"

"ဟုတ်ကဲ့"

"ဒါဆို အခုချက်ချင်း သွားကြမယ် ကားပြင်ဆင်ထားလိုက်"

"ဟုတ်ကဲ့ boss"

သူတို့တေ ကားနှင့် အတူ ထွက်ခွာကြလေသည်။

-------------

အခန်းထဲ တွင်ရှောင်ကျန့် တစ်ယောက် အိပ်စက်နေလေသည်။ ထိုနောက် သူ့ဘေးနားမှ နှိုးစက်မြည်သံ ကြောင့် သူနိုးလာခဲ့လေသည်။ ရှောင်ကျန့် တစ်ယောက်နှိုးစက်ကို ကြည့်လိုက်သော အခါနှိုးစက်တွင် 7နာရီ ထိုးနေသည်ကို တွေ့လိုက်ရသည်။

ထိုအခါ သူ အိပ်ရာမှ ထကာ....

"ဒီနာရီ ဘယ်တုန်း ကရောက်လာ တာလဲ မနေ့က အထိ အခန်းထဲမှာ နာရီမရှိသေးပါဘူး"

သူ စဥ်းစားနေလေသည်။

"ဟိုလူများ လာထား တာလား မသိဘူး "

A few moment later.......

ရှောင်ကျန့် မျက်နှာ သစ်ပြီး သွားပြီဖြစ်သည်။ သူ အောက်ထပ် ကို ဆင်းရန် တံခါးကို ဖွင့်လိုက်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။

ပြင်းရှရှအနမ်းWhere stories live. Discover now