Unicode
🎼🎼Lonely.....🎼🎼I have nobody....🎼🎼
" ကျစ်! ဘာသံကြီးလဲကွာ... စောစောစီးစီး! ''
အိပ်ယာပေါ်မှောက်ရက်သားကပဲ ဖုန်းရှိရာစမ်းပီး ဟိုဆွဲဒီဆွဲပွတ်လိုက်တော့ ကျက်သရေမရှိတဲ့အသံကြီးတိတ်သွားတယ်။
" ရှောင်းကျန့်! ထစမ်း ဘယ်အချိန်ရှိပြီလဲ! ပိတ်ရက်ဆိုရင်အိမ်ပြန်ပီးအိပ်ဖို့ပဲသိတယ်! မထရင်ငါလာမှာနော်! "
အိမ်အောက်ထက်က မားရဲ့အသံပြဲနဲ့အော်သံကိုကြားရပြီ။
" ထနေပီ! "
ပြောပီးတော့ ခေါင်းမြီးခြုံပီးပြန်အိပ်တယ်။ ခဏအကြာမှာ ဖင်ပေါ်ကိုအားပြင်းပြင်းရိုက်ချက်တချက်ရောက်လာတယ်။
ဖြန်းးးးး!!!
ပူစပ်သွားတဲ့ဖင်ကို လက်နဲ့ပွတ်ပီး ရေချိုးခန်းထဲအမြန်ပြေး တံခါးကိုလော့ခ်ချဖို့လဲမမေ့ဘူး။
" အေးနော် အိမ်သာထဲမှာထပ်အိပ်လို့ကတော့ နေ့လည်စာငတ်ပြီလို့မှတ်ထား ''
သူ အပြင်ကမားကြားအောင်ခြေဆောင့်ပီးအော်ပြောတယ်။
" ဟွန့် ကိုယ့်သားလေးကိုယ် မသထာဘူးလား သားအဆောင်ပြန်လိုက်မှာနော် ''
" နင်ကငါ့သားမဟုတ်ဘူး နင့်ကိုကောက်ရထားတာလေ! အမြန်ချီးပါစမ်းပါ ပီးရင်နင့်အဒေါ်အိမ်ကို မုန့်သွားပေးချေ ''
" Yes Sir! "
************
လူခေါ်ဘဲလ်ကိုနှိပ်လိုက်တယ်။ အထဲကအသံတွေဝိုးတဝါးကြားရတယ်။
" ဟဲ့ လုလုရေ တံခါးသွားဖွင့်စမ်း ''
လက်သည်းနီဆိုးနေတဲ့လုလုက သူ့အမေကိုမျက်စောင်းထိုးတယ်။
" အမေကလဲ... ''
သူ့အမေမျက်စောင်းကလဲ သူ့ဆီကိုဒိုင်းခနဲရောက်တယ်။
" အိုက်ယား အဲ့လိုကြီးမကြည့်ပါနဲ့ အမေ့မျက်လုံးကြီးပြူးနေတာ ကိုယ့်ကိုကိုယ်မှန်ကြည့်နေသလားပဲ ကြောက်လွန်းလို့ပါအမေရဲ့ ''
" စကားမရှည်နဲ့ အပြင်ကလူကိုအားနာစရာ! သွားဖွင့်ပေးလိုက် ''
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)