Unicode
ရဲစခန်းကဖုန်းကိုလက်ခံပြောပီးနောက်ရဲစခန်းကဖုန်းကိုလက်ခံပြောပီးနောက် ybကချက်ချင်းပဲ ငမွှေထိုးxzဆီလိုက်သွားရတယ်။ အတူတူနေရင်စာမလုပ်ဖြစ်ဘူးဆိုလို့အဆောင်ပေးပြန်လိုက်တာ။အဲ့တော့ဘာဖြစ်လဲ...အခုရဲစခန်းရောက်နေတယ်တဲ့။
ဟားးးသိပ်ကောင်းတယ်!
ybကတင်းကြပ်နေတဲ့နက်ခ်တိုင်ကြိုးကိုဖြေလျော့ရင်းက ကားပေါ်ကနေဆင်းပီးစခန်းထဲဝင်လာခဲ့တယ်။
အထဲရောက်လို့သူကြည့်လိုက်တော့ ထောင့်နားကထိုင်ခုံမှာxzနဲ့အတူတခြား၃ယောက်ကိုပါသူတွေ့ရတယ်။ နှစ်ယောက်ကလုလုနဲ့ဟောက်ရွှမ်း။ ခပ်လှမ်းလှမ်းကဝက်လိုဖူးယောင်နေတဲ့မျက်နှာနဲ့မာန်ဖီနေတဲ့ကောင်ကတော့ သူတို့နဲ့ရန်ဖြစ်တဲ့သူဖြစ်မယ်မှန်းသူခန့်မှန်းလိုက်တယ်။ybကအရာရှိထံတန်းသွားလိုက်တယ်။
အရာရှိကမော့ကြည့်လိုက်တော့ အထက်တန်းဆန်ဆန် သန့်ပြန်နေတဲ့အဝတ်စားနဲ့ တည်ကြည်နေတဲ့မျက်နှာနဲ့သူကိုတွေ့တော့ သူမေးလိုက်တယ်။
'' ဘာပြဿနာများရှိပါလဲ ''
ybကတိုတိုနဲ့လိုရင်းကိုပဲဖြေတယ်။
'' ကျွန်တော်ကရှောင်းကျန့်ရဲ့အုပ်ထိန်းသူပါ ''
'' သြော်...ခင်ဗျားရောက်လာတာမြန်တာပဲ ရှောင်းကျန့်နဲ့ဘယ်လိုပက်သက်မှုပါလဲ ''
အရစ်ရှည်နေတဲ့အရာရှိကိုybကစိတ်မရှည်ချင်တော့။
သူဖြေလိုက်တယ်။'' ကျွန်တော်ကသူ့အစ်ကိုပါ ''
တစ်ဖက်ကလူကိုလှမ်းပီးရန်လိုစွာစိုက်ကြည့်နေကြတဲ့xzတို့အဖွဲ့ကybအသံကြားတော့ ခေါင်းလေးတွေထောင်ပီးဝမ်းသာအားရကြည့်လာကြတယ်။
အားးးးငါ့အုပ်ထိန်းသူကြီးရောက်လာပီကွ!
xzမှာအမြီးတနှံ့နှံ့ဖြစ်နေတဲ့ခွေးပေါက်လေးနှယ် ybရှိရာဆီထသွားလိုက်တယ်။ အနားရောက်တော့သူကြားလိုက်တာက ..။
ဘာကြီး...အစ်ကိုတဲ့ ငါ့ထက်ခြောက်လတောင်ငယ်တဲ့စောက်ကလေးလေးကများ ဟွန့်!
ybကပြဿနာကိုဖြေရှင်းပီးတဲ့နောက်မှာ xzတို့၃ယောက်လဲအိမ်ပြန်ခွင့်ရသွားပီဖြစ်တယ်။ ybကမျက်နှာတည်နဲ့စကားတစ်ခွန်းမှမပြောပဲအပြင်ထွက်သွားတာကြောင့် xzတို့လဲအပြစ်သားလေးတွေသဖွယ်ကုပ်ကုပ်လေးပါသွားကြတယ်။

VOUS LISEZ
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)