Unicode
ဒီနေ့xzအတန်းသွားမတက်ဖို့ဆုံးဖြတ်လိုက်တယ်။ ပုံမှန်ဆိုသူကအချိုတွေအရမ်းစားတာမို့ခဏခဏသွားကိုက်တတ်တယ်။ ဒါပေမဲ့အခုတခါကျတော့စားတဲ့ပမာဏများသွားတယ်ထင်ပါတယ် သူ့ပါးစောင်ကြီးနှစ်ဖက်လုံးကလုံးဝကိုယောင်ကိုင်းလို့နေတယ်။
သွားကလဲစောက်ကျိုးနည်းနင်းကန်ကိုက်နေတော့ သူအားမရှိစွာပဲညည်းညူပီး စောင်ပုံထဲလှဲနေရတယ်။ဟွိုင်ဆန်းကအကျီဝတ်နေရင်းကလှမ်းမေးလာတယ်။
" ဟျောင့် မင်းဘာစားအုံးမှာလဲ ငါဝယ်ပီးပေးခဲ့မယ် ''
xzကချစ်ရည်ရွှမ်းနေတဲ့မျက်လုံးကြီးတွေနဲ့ကြည့်လိုက်တယ်။
" မင်းကချစ်ဖို့အကောင်းဆုံးပဲ... မင်းဘေးကဟာတွေကတော့ဆန်ကုန်မြေလေးတွေချည်း! အလိုက်ကန်းဆိုးမသိကြဘူး ''
သူအဲ့လိုဆိုတော့ ကျိရန်ကစာအုပ်မထူမပါးနဲ့လှမ်းပေါက်လာတယ်။
" မင်းမေကိုပဲ! မနက်အစောကြီးမင်းအဖေကဆေးဝယ်ပေးရတာလေ! ကျေးဇူးမတင်ရင်နေဟျောင့် ဖင်လှန်မပြစမ်းနဲ့! "
အငယ်ဆုံးလေးကလဲကျိရန်ကိုလက်မထောင်ပြလိုက်တယ်။
" ဆဲသင့်တယ်ဘဒို ''
xzကခေါင်းအုံးကြီးနဲ့ပြေးဆင်းလာပီးရိုက်တယ်။
" အကုန်ထွက်သွားကြစမ်း! "
ကျိရန်ကဆက်ပြောတယ်။
" မင်းအတန်းတက်သင့်တယ်နော် အခုကနဲနဲသက်သာနေပီမလား? အခုချိန်ထိဘာစာမှလဲနားလည်တာမတွေ့သေးဘူး...ကျတော့မှသတိမပေးဘူးမပြောနဲ့ ''
xzကစိတ်ထဲကဂုဏ်ဆာလိုက်တယ်။
No problemပဲဟျောင့်တွေ! ငါ့ဘဲကစာပြပေးမှာ!
" လိ့ကိုပဲ ငါ့ကိုကျိန်စာတိုက်နေတယ်! မင်းကိုသတ်မယ်! "
ထိုအခါကျတော့မှသုံးယောက်လုံးအူယားဖားယားအပြင်ဘက်ပြေးထွက်သွားကြတယ်။
xzကကျပ်သိပ်မပြည့်ဘူး! ဝေးဝေးရှောင်နေမှဖြစ်မယ်!
xzကရိပေါ်ဆီလုံးဝကိုဖုန်းမဆက်ဘူး။ဖုန်းကိုလဲသူစက်ပိတ်ထားတယ်။ အဲ့တာကြောင့်လဲybကသူ့ကိုဆက်တိုက်ဖုန်းခေါ်နေတာကိုသူ့မှာမသိလိုက်ရှာဘူး။
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)