Unicode
အရင်နေ့ကဆူညံပွက်လောရိုက်နေတဲ့အဆောင်ခန်းလေးကတိတ်ဆိတ်ငြိမ်သက်လို့နေတယ်။
ဘာကိုစိတ်တိုနေမှန်းမသိတဲ့ရှောင်းကျန့်ကအခုချိန်မှာအရူးကြီးလိုပဲ။
အတန်းလဲသွားမတက်သလို နေဖင်ထိုးမှလဲအိပ်ယာထတယ်။
အခုလဲနေ့လည်ဘက်သူတို့ပြန်နားတာတောင် သူကတဝါးဝါးနဲ့သမ်းလို့ကောင်းတုန်း။" ဟာ ဟေ့ကောင်! မင်းစားလို့မရသေးဘူးလေ! "
ဟွိုင်ဆန်းက ပြောပြောဆိုဆိုနဲ့xzလက်ထဲကမုန့်ထုပ်ကြီးကိုဆွဲလုတယ်။
xzကမျက်ကွင်းညိုနေတဲ့မျက်လုံးကြီးနဲ့ ကြည့်ပီးတော့ နောက်တစ်ထုပ်ကိုဖောက်ဖို့ပြင်တယ်။
ဟွိုင်ဆန်းကထပ်လုပြန်တယ်။
ကျီရန်ကမနေနိုင်ဘဲဝင်ပြောရတယ်။
" ပြန်ပေးလိုက်စမ်းပါကွာ..ဟိုမှာရုပ်ကိုလဲကြည့်အုံး! ငိုတော့မှာဟ! "
" မပေးနိုင်ပါဘူးကွာ အဲ့ကောင်သွားမတိုက်ဘဲစားဖို့လုပ်နေတာလေ! "
" သူ့ပါးစပ်နဲ့သူစားတာပဲကွ ပြန်သာပေးလိုက်စမ်းပါ ''
အခန်းထဲကိုခုမှဝင်လာတဲ့ကျင်းရီက ဒီပုံစံကိုတွေ့ပီးမေးတယ်။
" သူဘာဖြစ်နေတာလဲ? "
ကျန်နှစ်ယောက်ကပုခုံးတွန့်ပြတယ်။ တကယ်တမ်းသူတို့လဲမသိဘူး။ မနေ့ကအဆောင်ပြန်ရောက်ကတည်းကဒီလိုပုံဖြစ်နေတာကိုတွေ့ရတာပဲ။
ကျိရန်ကတိုးတိုးပြောလိုက်တယ်။
" ရိပေါ်တော့သိမယ်ထင်တာပဲ ငါဖုန်းဆက်ပီးမေးကြည့်လိုက်မယ် ''
" အေး ''
အခန်းပြင်ထွက်ပီးကျိရန်က ybဆီဖုန်းခေါ်လိုက်တယ်။
ချက်ချင်းမကိုင်ဘဲ နောက်တခါခေါ်မှသာကိုင်တယ်။
ပီးတာနဲ့ ခက်ထန်တဲ့အသံကြီးကိုသူကြားရတော့တာပဲ။" ဘယ်သူလဲ! "
" အာ...ငါကကျိရန်လေ ရှောင်ကျန့်သူငယ်ချင်း ''
ထိုအခါမှပဲ လေသံနဲနဲပျော့သွားတာကိုသူတွေ့တယ်။
" ပြော ''

أنت تقرأ
ကျွန်တော့်ချစ်သူ ဆိုးပေလေး
أدب الهواةစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)