Unicode
ဟိုနေ့ကဘတ်စ်ကားပေါ်မှာတွေ့ကြပီးကတည်းက နှစ်ပတ်လောက်ရိပေါ်ကကျောင်းမလာခဲ့ဘူး။
ဒါကြောင့်ရှောင်းကျန့်ကရှေ့မျက်နှာနောက်ထားပီး သူ့သူငယ်ချင်းတွေကိုသွားမေးခဲ့တယ်။" ဟေးး ''
သူတို့နောက်ကခေါ်သံကြောင့် ကျင်းလင်နဲ့စစ်ကျွေးကသွားနေတာကိုရပ်ပီး အနောက်လှည့်ကြည့်လိုက်တယ်။
အော်...ရိပေါ်ပြောပြောနေတဲ့ ' စောက်ရူး 'ဆိုတဲ့တစ်ယောက်ပဲ!
ကျင်းလင်ကပြောလာတယ်။
" ငါတို့ကိုခေါ်တာလား? ''
ရှောင်းကျန့်က ဘေးကိုလက်ညိုးထိုးပြပီးမေးလိုက်တယ်။
" ဒီနားမှာငါတို့အပြင်ဘယ်သူရှိသေးလဲ? "
နှစ်ယောက်ကပြိုင်တူဖြေလာတယ်။
" ဘယ်သူမှမရှိဘူးလေ ''
ရှောင်းကျန့်ကခေါင်းညိတ်ပြလိုက်ပီးဆက်မေးလေတယ်။
" အခုငါ့မျက်လုံးတွေကရော ဘယ်သူ့ကိုကြည့်နေလဲ? "
" ငါတို့ကိုလေ... ''
အဆုံးမှာတော့ စစ်ကျွေးတို့နှစ်ယောက် တစ်ပြိုက်နက်ထဲသဘောပေါက်သွားကြတယ်။
သူတို့ကငပိန်းတွေမဟုတ်ခဲ့ဘူးလေ!
F**kပဲ! သူကငါတို့ကိုဘာထင်နေတာလဲ!
ရှောင်းကျန့်ကတော့ဆရာကြီးအထာနဲ့ ခေါင်းမော့ပီးအရှေ့ကနှစ်ယောက်ကိုအရူးလုပ်လိုက်ရလို့ အပျော်ကြီးပျော်နေလေရဲ့။
အဲ့တာကလဲမဖုံးနိုင်မဖိနိုင်ပဲ သူ့မျက်နှာမှာအထင်းသားကြီးပေါ်နေတဲ့အတွက် ဟိုနှစ်ယောက်ရဲ့ဒေါသကိုပိုဆွပေးသလိုဖြစ်သွားစေခဲ့တယ်။" ငလူးပဲ! စစ်ကျွေးငါ့ကိုလာမဆွဲနဲ့နော် ဒီကောင်blindကြီးလာဖဲ့နေတာကွ! "
ဒါကိုမြင်တော့ xzလဲမျက်နှာပိုးပြန်သတ်ပီး ရွှေပြည်အေးတရားဟောကြားဖို့အစချီလိုက်တယ်။
" အဟမ်း မင်းတို့ကလဲကွာ...ငါကရင်းနီးမှုယူတာပါကွ အဲ့လောက်ကြီးလဲဒေါသမထွက်ကြပါနဲ့ ပီးတော့ရန်ဖြစ်လို့ပါချုပ်ကြီးသိရင်one tainထိုးရမှာလေနော် အဲ့တော့စိတ်ကိုလျှော့လိုက်ဟုတ်ပီလား.... အသက်ကိုမှန်မှန်ရှူမယ် ထုတ်မယ်... ''

CZYTASZ
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)