Unicode
အနာရှိတာကိုအကြောင်းပြပီး xzကကျောင်းကိုတစ်ပတ်လုံးလုံးခွင့်တိုင်ပီးပျက်တယ်။ စာရတာမရတာအသာထား အဓိကကအိမ်မှာကောင်းကောင်းနားရဖို့ပဲ စားလိုက်သောက်လိုက်နဲ့ပေါ့လေ။
xzကဆိုဖာပေါ်မှာလှဲပီး TVမှာပြနေတဲ့အခန်းဆက်နဲ့dramaကိုသဲကြီးမဲကြီးကြည့်နေတယ်။
ရိပေါ်လား? သူကတော့မီးဖိုချောင်မှာပဲပေါ့..
သူကတော့ဘေးနားမှာ မုန့်မျိုးစုံချပီးစားသောက်လို့နေတယ်။
ရေသောက်မလို့ ဖန်ခွက်ကိုမကြည့်ဘဲလှမ်းယူတယ်။အိမ်း..ရေတောင်ကုန်သွားပီ!
" ရိပေါ်! ဝမ်ရိပေါ်! ငါရေသောက်ချင်လို့! ငါ့ရေတွေကဘယ်သူသောက်သွားလဲမသိဘူး အကုန်မရှိတော့ဘူးဆို ''
အလုပ်ကပြန်ရောက်လို့ ပင်ပင်ပန်းပန်းနဲ့ဟင်းချက်ပေးနေတဲ့ရိပေါ်က xzရဲ့အသံကိုကြားတော့ မျက်နှာကြီးကမည်းမှောင်လာတယ်။
သူလှမ်းအော်လိုက်တယ်။
" အဲ့ရေကမင်းမသောက်လို့ ဘယ်ငတုံးကသောက်မှာမို့လို့လဲ ဟမ်? "
ဒါပေမဲ့လဲxzကသူ့အကျင့်အတိုင်း မျက်နှာပြောင်တိုက်ပီးအသည်းအသန်ငြင်းတယ်။
" ဟုတ်တယ်လို့ဆိုနေ မင်းမယုံရင်ထွက်လာပီးကြည့်ကြည့်လိုက် ''
ybကတော့ဒါမျိုး ကလေးကလားအကြံတွေဂရုစိုက်မနေဘူး။ လုပ်လက်စကိုပဲဆက်လုပ်နေလိုက်တယ်။
xzကတော့ မြင်းအီးပေါက်တဲ့အတိုင်းဆက်ပြောလို့ကောင်းတုန်းပဲ။
သူရေသောက်ချင်တယ်လို့! သားရေစာတွေစားရတာရေအရမ်းငတ်တယ်လေ!
နောက်ဆုံးဘယ်လိုမှပြောမရတဲ့အဆုံးမှာ နာချင်ဟန်ဆောင်ထားတဲ့ခြေထောက်ကိုအသာမြှောက်လို့ ရေခဲသေတ္တာဆီသွားတယ်။
ချက်ပြုတ်နေရင်းအပြင်ဘက်ကိုကျောပေးထါးတဲ့ရိပေါ်ကိုတချက်ကြည့်တယ်။ လစ်ပီလို့ထင်ရတာနဲ့ အပြေးအလွှားသွားပီး ရေခဲသေတ္တာကိုဖွင့် ရေဘူးကိုယူကာ အပြင်ဘက်ကိုအမြန်ပြေးထွက်တော့တယ်။
ဒါပေမဲ့လဲ သူ့အနောက်ကနေတစ်ကိုယ်လုံးကိုသိမ်းကြုံးပီးပွေ့ချီတာကိုသူခံလိုက်ရတယ်။
![](https://img.wattpad.com/cover/288736900-288-k544078.jpg)
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)