Unicode
လေဆိပ်မှာxzကငိုမဲ့မဲ့ရုပ်လေးနဲ့ရပ်လို့နေတယ်။
ybကပါးဖောင်းဖောင်းလေးကိုဖျစ်ညှစ်ကာပြောလိုက်တယ်။
" ခဏလေးပြန်မှာပါကွာ အဲ့လိုကြီးမနေရဘူးလေ.."
" အဲ့လိုဆိုလဲမရဘူးလို့! "
ပတ်ဝန်းကျင်ကိုဂရုမစိုက်စွာနဲ့ ဂျစ်ကန်ကန်လုပ်နေတဲ့xzကိုသိမ်းကြုံးကာဖက်ပီးရင်ခွင်ထဲထည့်လိုက်တယ်။ပီးတော့နားနားလေးကိုကပ်ကာပြောလိုက်တယ်။
" လိမ်လိမ်မာမာနေနော် ဘာပြဿနာမှမဖြစ်အောင်နေ ကိုယ်ပြန်လာရင်မင်းကြိုက်တာအကုန်ဝယ်ခဲ့ပေးမယ် "
ဒီစကားကိုကြားလိုက်တာနဲ့xzရုပ်ကချက်ချင်းကိုပြောင်းလဲသွားတယ်။
" အင်း အင်း အဲ့တာဆိုသွားတော့လေ ပီးရင်မြန်မြန်ပြန်လာခဲ့ ''
'' ရုပ်ကိုက မျက်နှာပိုးကိုမသေဘူး! ''
'' ဟီးဟီး ''
အသဲယားစရာလေးကို ခဏကြာအောင်နမ်းပီးနောက်မှာ ybကမြို့ဆီပြန်မဲ့လေယာဥ်ပေါ်တက်ခဲ့လိုက်တယ်။
နှစ်သစ်ကူးကိုဒီမှာပဲနေချင်ပေမဲ့ အဘိုးလုပ်သူရဲ့ခေါ်ဆိုမှုကြောင့်မလွန်ဆန်နိုင်ပဲပြန်ရမှာဖြစ်တယ်။
xzလဲ သူ့အိမ်ရှိရာဆီပြန်လာခဲ့လိုက်တယ်။
လွမ်းလိုက်တာ! အခုကတည်းကလွမ်းနေတော့ဘယ်လိုလုပ်ရပါ့!
အိမ်မှာမျောက်မှိုင်မှိုင်ပီးအချိန်ဖြုန်းနေတဲ့သားလုပ်သူကို ရှောင်းမားကဘယ်လိုမှကိုကြည့်မရဘူး။
အိပ်ပီးရင်းစား စားပီးရင်းအိပ်နဲ့သူ့ဟာသူတော့ဟုတ်နေရောပဲ။
အိမ်ကိုပြန်ရောက်တာနှစ်ရက်ရှိနေပီးတော့အိမ်မှာကိုကပ်တယ်မရှိဘူး။
သူ့သူငယ်ချင်းတွေနဲ့အလေလိုက်နေလေရဲ့။
" မားရေ သားပြန်ရောက်ပီ! ''
ရှောင်းမားက TVအကြည့်မပျက်ဘဲပြန်ပြောတယ်။
'' ငါ့သားလေးတစ်နေကုန်လျှောက်သွားပီးမောလာမှာပေါ့ သွား ရေလေးဘာလေးသောက်လိုက်အုံး ''
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)