Unicode
မနက်စာစားဖို့အတွက်ybကသူ့ကိုကျောင်းရဲ့ခပ်လှမ်းလှမ်းကအမြဲတိတ်ဆိတ်ပီး အေးချမ်းနေတဲ့ဆိုင်ကိုခေါ်လာခဲ့တယ်။
ပီးတော့သူမကျေမချမ်းတွေးလိုက်တယ် မျက်လုံးတွေကိုလဲလှန်ဖို့မမေ့ခဲ့ဘူး။အေးချမ်းပီးတိတ်ဆိတ်မှာပေါ့! အစားအစာစျေးနှုန်းတွေကကောင်းကင်ကနတ်မင်းတွေဖင်ကိုတောင်ထိတော့မတတ်လေ!
အဲ့တော့ဘယ်ကျောင်းသားကမှဒီကိုလာမစားကြဘူး!သူ့ဘေးကသူ့ဘဲလေးကိုလဲချောင်းကြည့်လိုက်တယ်။ မနက်စာတောင်မှဒီမှာလာစားတယ်ပေါ့လေ တကယ့်သခင်လေးပဲ။
" ဟေး မင်းဘာစားမှာလဲ တစ်ခုခုမှာလေ ''
ybက အူကြောင်ကြောင်နဲ့မျက်လုံးကြီးအပေါ်လှန်ကြည့်လို့နေတဲ့ xzကိုပြောတယ်။
မသိရင်ပဲကောင်ကင်ကနေအစားသောက်တွေကျလာမဲ့အတိုင်းပဲ!
" အမ်း... ''
xzကတကယ်တော့ဘာစားရမှန်းမသိဘူး သူစားနေကျကလဲဒီမှာရလားမရလားမသိတော့လေ။
နောက်ဆုံးတော့အင်တင်တင်ဖြစ်နေတဲ့သူ့ကောင်လေးကိုybကစိတ်ပူစပြုလာတယ်။
နေမကောင်းလို့များလား?
လက်ကိုဆန့်ထုတ်ပီးဘေးကလူရဲ့နဖူးပေါ်ကိုတင်လိုက်တော့ xzကအလန့်တကြားနဲ့ဘေးဘက်နားတွေဆီကြည့်ပီး သူ့လက်ကိုပုတ်ထုတ်လာတယ်။
သူလဲမျက်မှောင်ကြုတ်ပီးလက်ကိုပြန်သိမ်းလိုက်တယ်။ ဒီကိစ္စကိုအသာထားပီးအဓိကမေးချင်တာကိုမေးလိုက်တယ်။
အရင်ကတော့ဘာဖြစ်ဖြစ်သူနဲ့မဆိုင်ပေမဲ့အခုလက်ရှိမှာ သူ့ကောင်လေးဖြစ်တဲ့အတွက်အစစအရာရာကိုသူဂရုစိုက်ပေးဖို့လိုလာပြီလေ။" ဘာဖြစ်တာလဲ? ကိုယ်လဲပူမနေပါဘူး အဆောင်မှာတစ်ခုခုစားခဲ့သေးလို့လား? "
" မဟုတ်ဘူး! "
xzကသူ့ကိုမကျေမနပ်အသံပိစိလေးနဲ့အော်ပြောလာတယ်။
" မင်းဘာဖြစ်နေတာလဲ! ဖြစ်ချင်တာကိုပြောလေ! ဘာလို့စိတ်တိုနေတာလဲ! "
" f**k youပဲ! ဗိုက်ကဆာလို့သေတော့မယ် ဒီမှာဘာစားလို့ကောင်းလဲငါမှမသိတာကို... ''

أنت تقرأ
ကျွန်တော့်ချစ်သူ ဆိုးပေလေး
أدب الهواةစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)