Unicode
ခဏကြာစိုက်ကြည့်ပီးနောက်မှာ ရိပေါ်ကပြောလိုက်တယ်။
" နို့သောက်လိုက်အုံးလေ သူငယ်ချင်းကစေတနာနဲ့တိုက်ထားတာမလား ''
ပြောပီးတာနဲ့ ရယ်ချင်လာတာကိုမထိန်းနိုင်လို့တစ်ဖက်ကိုအသာလှည့်ပီးရယ်တာအသံထွက်မိသွားတယ်။
xzက တခွိခွိနဲ့ရယ်လို့မဆုံး သူ့ကိုရယ်နေကြတဲ့နှစ်ယောက်ကိုလက်ညိုးတစ်ထိုးထိုးနဲ့မကျေမနပ်ဆိုတယ်။
" သေချင်နေကြတယ်ပေါ့လေ! ဒီညမှာငါ့ကိုယ်ငါရာဇဝတ်ကောင်အဖြစ်ပြောင်းလဲပစ်ဖို့ဝန်မလေးဘူးနော်! ရယ်နေတာကိုရပ်လိုက်! ချီးပဲ! "
သူတကယ်ဒေါသထွက်တယ်!
အရှေ့ကနို့ခွက်ကိုယောင်ပီးတဂွက်ဂွက်နဲ့မော့သောက်ပစ်လိုက်တယ်။
ပီးခါမှသူ့မျက်နှာကြီးကခရမ်းချဥ်သီးတစ်လုံးလိုနီရဲလာတော့တယ်။သူနို့တွေသောက်ပစ်လိုက်ပီ!
ရိပေါ်က သူ့ရှေ့ကပေတိုးနီတာရဲကိုကြည့်ပီး ကျောကုန်းကိုအသာထုပေးပီးထပ်စလိုက်တယ်။
" လိမ္မာတယ်သိလား ကလေးကနို့ပဲသောက်ရမယ်လေ Alcoholကလူကြီးသောက်ရတာ ''
" $@%^&&%%^&& ''
xzပါးစပ်ကနေမရိုးနိုင်တဲ့ဆဲနည်းပေါင်းစုံထွက်လာခဲ့တယ်။
တစ်ခွက်သောက်ပီးတဲ့နောက်မှာ ရိပေါ်ကစီးကရက်သောက်ရန် barရဲ့အနောက်ဘက်ကိုထွက်လာလိုက်တယ်။
သူ့အိမ်တည်ရှိတဲ့မြို့ကနေပြန်လာပီးနောက်မှာ နောက်ကျိကျဖြစ်နေတဲ့စိတ်တွေက xzကိုစလိုက်ရတော့သိသိသာသာပျောက်ကွယ်သွားတယ်။
ဒါပေမဲ့လဲအာသီသအရ စီးကရက်ကိုတော့သောက်ချင်နေတုန်းပဲ။
မီးညှိပီးစီးကရက်ကိုအနည်းငယ်ကြာအောင်ဖွာရှိုက်လိုက်တယ်။
လေထဲကိုအငွေ့တွေမှုတ်ထုတ်လိုက်ပီးငေးကြည့်နေလိုက်တယ်။
တစ်လိပ်ကုန်ခါနီးမှာပဲ နောက်ဘက်ဆီကနေ လှုပ်ရှားမှုသေးသေးလေးဖြစ်လာတယ်။
နောက်ကိုတစ်ချက်လှည့်ကြည့်ပီးပြောလိုက်တယ်။" ငါ့ကိုမမြင်ရရင်မနေနိုင်တော့ဘူးထင်တယ် ထွက်လာခဲ့လိုက် ''
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)