Unicode
ညဥ့်နက်သန်းခေါင်ကြီးကျမှ နှစ်ခြိုက်စွာအိပ်နေတဲ့ybက သူ့အသားကိုတဖတ်ဖတ်နဲ့ရိုက်နှိုးနေတာကြောင့်လန့်နိုးလာခဲ့တယ်။
မျက်လုံးဖွင့်ပီးကြည့်လိုက်တော့ငုတ်တုပ်ထထိုင်နေတဲ့xzကိုသူတွေ့ရတာမို့ မေးလိုက်တယ်။
" ဘာလို့နိုးနေတာလဲ ဗိုက်ဆာလို့လား? "
xzကတော့အခုလေးတင်သူမက်တဲ့အိပ်မက်ကြီးကိုအထိတ်တလန့်ဖြစ်နေတုန်းပဲ။
ကျလာတဲ့နှာရည်တွေကိုသုတ်ပီးပြောလိုက်တယ်။
" ရိပေါ် ငါအိပ်မက်မက်တယ် အဲ့တာမင်းသိလား ခွေးကောင်ရဲ့ ! "ဘာမှမသိဘဲအဆဲခံလိုက်ရတဲ့ybမှာတော့ စိတ်မတိုဘဲကျင့်သားရစွာထပ်မေးလိုက်တယ်။
ဘာပေါက်ကရတွေမက်ပြန်ပီလဲမသိပါဘူး! ဒီညတော့သူကောင်းကောင်းအိပ်မရမှာသေချာသွားပီ!
" ဘယ်လိုလုပ်ငါကမင်းအိပ်မက်ကိုသိမှာလဲကွာ.....ဘာတွေမက်ပီးအဲ့လောက်တောင်စိတ်ဆိုးနေရတာလဲ ''
xzက စကားမပြောခင်ybကိုထုရိုက်လိုက်ပြန်တယ်။
သူမကျေနပ်ဘူးလို့ဆို!
" မင်းကိုသေအောင်ရိုက်ပစ်မယ်! အဲ့မှာ..အဲ့မှာ မင်းကငါကဝတုတ်နေလို့ငါ့ကိုထားခဲ့ပီး နောက်တစ်ယောက်နဲ့အတူတူရှိနေတာတဲ့! ချီးလိုပဲ! ငါတော်တော်ဝမ်းနည်းတယ်သိလား ''
နောက်ဆုံးတော့ybလဲသက်ပြင်းသာချလိုက်တယ်။
အိပ်ပျော်နေချိန်ကျမှသူအရိုက်ခံလိုက်ရတာက ဒီလိုရူးကြောင်ကြောင်အိပ်မက်ကြောင့်ပေါ့လေ! သူပါလိုက်ရူးချင်နေပီ တကယ်ပါပဲကွာ!
xzကထပ်ပြောလာပြန်တယ်။
" မင်းကြည့်စမ်း ငါအခုရောအရမ်းဝနေပီလား? ဘာမှလဲသိပ်မစားဘဲနဲ့လေ! "
အိပ်ငိုက်လာတဲ့ybကxzနှိပ်စက်တာကိုခံနေရတုန်းပဲ။
အဲ့တာကြောင့်သူတမင်ပြောလိုက်တယ်။" ဘာမှမစားဘူး? မင်းကလေ? ဒါဆိုငါဝယ်လာတဲ့မုန့်တွေကိုဘယ်ကြွက်ချီသွားတာလဲ ဟမ်? "
" ဟင့် အဲ့တာကနဲနဲလေးပဲစားတာလေ..စကားမရှည်နဲ့ငါမေးတာဖြေပေး အရမ်းဝနေလားလို့ ''

YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)