Unicode
" ဟိုကောင်လေး မနက်စာလာစားအုံး! "
အိမ်အောက်ထပ်က မားရဲ့ပြဲလန်နေတဲ့ခေါ်သံကြောင့် xzမှာမှောက်ခုံပြောင်းအိပ်ပီး ခေါင်းအုံးကိုအပေါ်ကဖိလို့ထားတယ်။
ခဏကြာတော့ ပွစိပွစိနဲ့အပေါ်ထပ်ကိုတက်လာတဲ့ မားရဲ့အသံ။
သူအရိုက်ခံရမှာစိတ်မပူတော့ဘူး လော့ခ်ချထားတယ်လေ။ မဟုတ်ရင်မားကအခန်းထဲဝင်ပီးသူ့ဖင်ပုပ်အောင်ဆော်ပလော်တီးမှာကိုး။" လော့ခ်ချထားတယ်ပေါ့လေ ရှောင်းကျန့်! နင့်မလဲအိမ်ပြန်လာရင်ဘာမှကိုခိုင်းလို့မရဘူး! မဖြစ်တော့ဘူး နင့်အဖေကိုပြောပီးအလုပ်လုပ်ခိုင်းရမယ်! "
xzကစိတ်ထဲကပြောလိုက်တယ်။
ဒီစကားတွေရိုးနေပီမားရဲ့! အားအားရှိ ဒီအလုပ်ဆိုတာကြီးနဲ့ပဲကိုင်ပေါက်နေတာ! တကယ်လုပ်ခိုင်းကြည့်ပါလား အိမ်ပေါ်ကဆင်းပစ်လိုက်မှာ!
ပီးရင် ရိပေါ်အိမ်သွားနေမှာပေါ့ ဟဲဟဲ!
ပါးစပ်ကတော့ပြန်ဖြေလိုက်တယ်။
" ဝွန်း စားနှင့်ပါမားရယ် မဆာသေးလို့ခဏထပ်အိပ်အုံးမယ် ''
" အိပ် အိပ် ဒီနေ့နင့်ကိုအငတ်ထားမယ်! "
xzကအခန်းထဲကနေလျှာထုတ်ပြတယ်။
ထားပေါ့! သားမှာမုန့်တွေမှအများကြီး!
နာရီကိုကြည့်တော့မနက်၆ခွဲနေပီ။ ybဆီဖုန်းဆက်ကြည့်တယ်။
မကိုင်ဘူး။ ဒုတိယအကြိမ်မှာမှလာကိုင်တယ်။" အစောကြီးပါလား ထူးထူးဆန်းဆန်းနိုးနေပီပေါ့လေ ''
ybက xzကိုအံ့သြတကြီးမေးတယ်။ xzကအိပ်ပုတ်ကြီးတယ် အခုကအစောကြီးဆက်တာဆိုတော့ ထီတောင်ထိုးဖို့ကောင်းနေပီ။
ဒါပေမဲ့လဲ xzရဲ့စကားကြောင့် ချီးကျူးချင်နေတဲ့စိတ်ကလေးကလေထဲမှာပျောက်သွားတယ်။
" မဟုတ်ပါဘူး အခုမှအိပ်မလို့ အဲ့တာငါ့ကိုနေ့လည်ထိဖုန်းမဆက်နဲ့နော် အိပ်ရေးမဝရင်ခေါင်းကိုက်လို့ ''
ybကမျက်မှောင်ကြုံ့လိုက်တယ်။
သူထင်တဲ့အတိုင်းပဲ!
ESTÁS LEYENDO
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanficစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)