Unicode
ybအခုတလောအရမ်းအကြပ်တွေ့နေရတယ်။ သူ့အဖေက ကလေးကလားနဲ့သူ့ဖုန်းကိုသိမ်းပီး အိမ်ထဲကအိမ်ပြင်ပေးမထွက်သော်ငြား သူကတော့xzနဲ့အဆက်သွယ်မပြတ်ဘူး။
တစ်ခုတည်းသောပြဿနာကတော့ သူ့ကိုပေကျင်းမပြန်ရဘူးလို့ဆိုတာပဲ။အဟက် ကျွန်တော်လုပ်ချင်တဲ့အရာဆိုဘယ်သူမှတားမရဘူး!
'' ရိပေါ်? ဘာတွေတွေးနေတာလဲ ငါမေးတာကိုပြန်လဲမဖြေဘူး! ''
xzကချက်ချင်းပဲနှုတ်ခမ်းကိုစူပစ်လိုက်တယ်။ သူကသာစကားတွေပြောနေပေမဲ့လဲ စိတ်လွင့်နေပုံရတဲ့ybကဘာမှပြန်ပြောမလာဘူး။
ထိုအခါမှybကတွေးနေတာကိုချက်ချင်းရပ်လိုက်တယ်။
သူခဏတာအတွေးထဲရောက်သွားချိန်မှာ xzနှုတ်ခမ်းကဖုန်းscreenကိုဖြတ်ပီးသူ့ဆီလာထိုးမဲ့ပုံပေါက်နေပီလေ။
'' ရှောင်းကျန့် ''
အဆက်စပ်မရှိဘဲybကခေါ်လာတာမို့ xzကကြောင်တောင်တောင်လေးထူးလိုက်တယ်။
'' အမ်? ''
'' အခုကစပီးကိုယ်ပြောတာကိုပြန်ဖြေကြည့်နော် ''
အတည်ပေါက်နဲ့ပြောနေတဲ့ybကြောင့် xzကခေါင်းအဆက်မပြတ်ညိတ်ပြမိတယ်။
'' အင်း အင်း ဘာမေးမှာလဲပြောလေ...မင်းမျက်နှာကအဲ့လိုကြီးဖြစ်နေတာ ငါလန့်လာပီ! ''
'' ဘာမှမဟုတ်ဘူး ဒီတိုင်း...ဒီတိုင်းသာမန်ပေါ့ပေါ့ပါးပါးမေးကြည့်တာပဲ ကြောက်စရာမလိုပါဘူးကွာ ''
ထိုအခါမှသာxzကပြုံးနိုင်တော့တယ်။
ybစမေးလိုက်တယ်။
'' ကိုယ်ကကိုယ်တို့အကြောင်းကိုအိမ်ကိုဖွင့်ပြောလိုက်တယ်ပဲထား အဲ့အချိန်မှာပါးကသဘောမတူဘူး မင်းဆီကိုလဲပြန်မလွှတ်တော့ဘူး...အဲ့တာဆိုမင်းဘာလုပ်မှာလဲ? ''
'' ဟမ်? တကယ်ကြီးလား! ''
ybကစိုးရိမ်ကြောင့်ကြနေတဲ့ကောင်လေးကြောင့် ခပ်တိုးတိုးရယ်လိုက်တယ်။
'' ဒီတိုင်းပဲမေးကြည့်တာဆိုနေ...ရုပ်ကငိုတော့မှာလားပဲ ''
'' အဲ့လိုလား...ဟူးး ငါကတကယ်လန့်သွားတာ!...တကယ်သာအဲ့လိုဆိုရင်တော့ အင်းးးး ငါမင်းဆီလိုက်လာခဲ့မှာပေါ့ ပီးရင်မင်းအိမ်ကလူတွေနဲ့စကားပြောမယ်လေ ''

YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုးပေလေး
Fanfictionစိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉)