အသက်...တမျှ
♥️♥️♥️♥️
les &les story( part...1)ည...။
ကောင်းကင်ကြီးတစ်ခုလုံးမဲမှောင်ပြီးလေ
ပြင်းတွေကလည်းတဟူးဟူးတိုက်ခက်နေသည်။
တချက်တချက်လျှပ်စီးလပ်ချိန်တွင်...ပတ်ဝန်းကျင်မှာတဖြတ်ဖြတ်လင်းလတ်
သွားသည်။''ဂျိန်း!ဂျိန်း!''
မိုးချိန်းသံကြီးမှာသွေးပျက်ဖွယ်ရာ
ကောင်းလောက်အောင်ပင်ထိတ်လန့်စရာပင်ဖြစ်သည်။
ညကကိုးနာရီလောက်ပဲရှိသေးပေမဲ့တောရွာလေးမို့ဒီအချိန်ဟာအားလုံးအနားယူအိပ်စက်နေကြပြီဖြစ်သည်။မိုးကသဲကြီးမဲကြီးရွာချပါတော့သည်။နွေရာသီကုန်လို့မိုးဥတုပဲဝင်လာပြီလေမိုးရွာတာမဆန်းလှ။ထိုအချိန်တွင်ဆယ်နှစ်အရွယ်ကလေးမလေးတယောက်မိုးရေထဲတွင်ပြေးလွှားနေသည်။
သူ့မှာမိုးကဂရုမစိုက်အားသူအလိုရှိရာကိုသာရောက်ဖို့ဇောကပ်နေသည်။ဓနိမိုးထရံကာတဲအိမ်လေးတလုံးရှေ့ရောက်တော့.........''အရီး...စိန်တုတ်''
''အရီး...စိန်တုတ်''
တဲအိမ်လေးထဲမှဖယောင်းတိုင်မီးအရောင်မှိန်ပြပြလေးထွက်လာပြီးပြောင်းဖူးဖက်ဆေးလိပ်တိုကြီးကိုခဲကာအရီးစိန်တုတ်ထွက်လာသည်။''ဟဲ့!ဘဲဥမ...ညကြီးအချိန်မတော်
ဘာပြုလို့တုန်း''
ဘဲဥမမျက်နှာပေါ်တွင်စိုနေသောမိုးရေများကိုလက်ခုံနဲ့သုတ်ပြီး...''ဟို...အမေ...အမေလေဗိုက်နာ
လို့တဲ့အဲ့ဒါအရီးက်ိုလာခေါ်တာ''''ဟေ!ဟုတ်လား...ဒါနဲ့ညည်း
အဖေမောင်စိုးကဘာလို့မလာ
ပဲညည်းကိုလွှက်လိုက်တာလဲ''''အဖေကလယ်ထဲရေသွား
သွင်းတာခုထိပြန်မလာသေး
ဘူး''
စိတ်ထဲမှာအဖေ့အတွက်လည်းဘဲဥမစိုးရိမ်နေမိသည်။မိုးကအရမ်းရွာနေတာအဖေမိုးမိလောက်
ပြီပေါ့...ညနေစာစားပြီးကတည်းကထွက်သွားတာအခုထိပြန်မလာသေး...။
''အေးအေး...ခဏလေး''
ဒေါ်စိန်တုတ်အိမ်ထဲမှထီးနဲ့ဓာတ်မီးကိုယူကာ.........''ကဲ...လာ...အမြန်သုတ်ခြေတင်''
''ဟုတ်ကဲ့အရီး''
နှစ်ယောက်သားမိုးရေထဲတွင်ခပ်သုတ်သုတ်လျှောက်ခဲ့ကြသည်။''မမရေနွေးပွက်နေပြီ''
ဘဲဥမထက်ငါးနှစ်ငယ်သောမောင်လေးကိုကိုက...ရေနွေးအိုးလေးကိုလက်ညိုးညွှန်ပြရင်းဆိုသည်။အရီးစိန်တုတ်ကအမေ့အခန်းထဲတန်းဝင်သွားသည်။