အသက်...တမျှ
♥️♥️♥️♥️
les &les story {part...9}ပန်းသစ်တောမှာလှေကားခြေရင်းတွင်ခွေခွေလေးလဲကျနေသော...သူမအနှစ်နှစ်အလလရှာဖွေနေသောမမဘဲဥမကိုတွေ့လိုက်ရတာကြောင့်သွေးပျက်တုန်လှုပ်သွားသည်။
လှေကားကမြင့်တာကြောင့်ကြမ်းပြင်တွင်ခေါင်းမှသွေးမှာအိုင်ထွန်းနေသည်။ပန်းအရမ်းကိုထိတ်လန့်သွားသည်။
ပန်းသစ်တောမမဆီကိုအပြေးသွားလိုက်သည်။'' မမ!...''
တေးအင်္လကာလက်ထဲမှမမကိုဆွဲယူကာပွေ့ထားလိုက်မိသည်။
''မမ!''
တေးကတော့မယုံကြည်စွာဖြင့်အံ့သြစွာကြောင်ကြည့်နေမိသည်။ဘာတွေဖြစ်ကုန်တာလဲ...?သူမဒေါ်မီမီဇင်ကိုတမင်တွန်းချခဲ့တာမဟုတ်ပါဘူး...။ဒေါ်မီမီဇင်ဟာ...ပန်း...ရှာနေတဲ့မမလား...။ဟာ!မဟုတ်နိုင်တာ...မဖြစ်နိုင်ဘူး...။တေးတုန်လှုပ်ခြောက်ခြားစွာတွေးမိသည်။''မမရယ်...''
ပန်းမှာမမကိုယ်လေးကိုပွေ့ရင်းမမကိုလှုပ်န်ိုးနေမိသည်။ဖြစ်ရလေမမရယ်...။
ပန်းအံ့သြမှင်သက်စွာကြည့်နေသောတေးကိုစူးရဲစွာကြည့်လိုက်သည်။''ပန်း...တေး...တေးတမင်...လုပ်တာမဟုတ်ဘူးနော်...ပန်း''
တေးစကားများကအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
ပန်းရဲ့အကြည့်များမှာအရမ်းကိုကြောက်စရာကောင်းလောက်အောင်ခက်ထန်နေသည်။''ပန်းရယ်...တေးကိုအဲ့လိုမကြည့်
ပါနဲ့''''တေး...သိပ်ကိုရက်စက်တယ်''
ပန်းအော်ပစ်လိုက်သည်။
''ဟာ!မဟုတ်ဘူးပန်း''
တေးအကြောက်အကန်ငြင်းဆန်လိုက်မိသည်။ပန်း...ရယ်...တေးဘယ်လ်ိုပြောရမလဲ။
''မဟုတ်ဘူး...ပန်းရယ်''
တေးကြောင့်မမလှေကားပေါ်ကပြုက်ကျတာသူမကိုယ်တိုင်မြင်ခဲ့ရသည်။တေးမမကိုတမင်လုပ်တာ...တေးကမမကိုမုန်းပြီးအမြဲစိတ်ဒုက္ခပေးနေတာလည်းပန်းသိနေတာပဲ...။မမဒီအိမ်ကြီးမှာဘယ်လောက်တောင်စိတ်အားငယ်ခဲ့ရမလဲ...။''မမရယ်...''
ပန်းမမမျက်နှာလေးကိုကြည့်ကာမျက်ရည်တွေကျနေပါသည်။ကြည့်ပါအုံး...မမကတေးရဲ့မိထွေးဖြစ်နေရတယ်လို့...။
ပန်းသူမအိတ်ထဲမှဖုန်းကိုအမြန်ထုတ်ပြီးမြခက်ဆီကိုလှမ်းအကြောင်းကြားလိုက်သည်။
မမခေါင်းမှာသွေးတွေအများကြီးထွက်နေသည်။မမဘာမှမဖြစ်ပါစေနဲ့......။
ပန်းတို့မောင်နှမတွေပျော်ပျော်ရွှင်ရွှင်နေရအုံးမယ်လေ......။
''ပန်း...တေး...တောင်းပန်ပါတယ်
တေးမမ...ကိုဆေးရုံအမြန်ပို့ပေးမယ်
နော်''