အသက်…တမျှ
♥️♥️♥️♥️les&les story {part…8}
တေးကအိမ်မပြန်ခင်ပန်းရဲ့ပါးလေးကိုမြတ်န်ိုးစွာအနမ်းခြွေလိုက်သည်။ပြီးတော့……
''ပန်းရယ်…ဟိုလူ တွေနဲ့မပက်သက်ပါနဲ့ပန်းရယ်…တေး
စိတ်မချဘူး…ပန်းကိုဟိုလူနဲ့တွဲမြင်လိုက်ရတာတေးရင်ထဲဘယ်လောက်ပူလောင်ရတယ်မှတ
်လဲ´´
တေးမျက်ဝန်းတွေကစိုးရိမ်မှုတွေပြည့်နှပ်လို့နေသည်။ပန်းကိုသူမစိတ်မချနိုင်…။''ပန်းကိုစိတ်ချပါတေး…ဟိုသုတဆို
တဲ့လူ…စိတ်ကသိကအောက်ဖြစ်အောင်လုပ်ချင်
ရုံပါ…ပြီးရင်ပန်းကိုဗညားနဲ့မပက်သက်
တော့ပါဘူးနော်´´ပန်းတေးကိုစိတ်ချမ်းသာအောင်ပြောလိုက်သည်။ကိုဗညားကိုပန်းမမုန်းပေမဲ့သုတဆိုတဲ့လူကိုတော့ပန်းအရမ်းမုန်းနေမိသည်။ရုပ်ကိုကအမြဲရူတည်တည်စူပုတ်ပုတ်တလောကလုံးသူ့လုပ်စားထိုင်စားနေတဲ့အတိုင်း……။
''အင်းပါပန်းရယ်…တေးကစိတ်ပူ
လို့ပါ´´''တေးလည်းဂရုစိုက်နော်အလုပ်ထဲမှာအစစအရာရာပြီးတော့……ဟိုမမနဲ့လည်း
အဆင်ပြေအောင်နေပါနော်´´
ဟိုမမဆိုသောကြောင့်တေးမှာမျက်မှောင်လေးကျုံ့သွားပြီး……''ဘယ်မမလည်း…အိမ်ကဟိုဘွားတော်ကိုပြောတာလား´´
''ဟုတ်တယ်လေတေးရဲ့´´
''ပန်းကလည်းနော်…သူ့အကြောင်း
ကိုဘာမှမသိသေးပဲနဲ့သူ့ဘက်ကပါပြန်
ပြီ´´''အဲ့လည်းမဟုတ်ပါဘူးတေး
ရယ်တေးတို့ကတစ်အိမ်ထဲမှာနှစ်ယောက်ပဲနေကြတာကိုအဆင်ပြေတော့ပိုကောင်းတာပေါ့´´''အင်းပါ…တေးပြန်တော့မယ်နော်´´
''အင်းး´´
တေးကလက်လေးပြကာပန်းကိုနှုက်ဆက်ပြီးပြန်ခဲ့သည်။
အိမ်ရောက်တော့…ဒေါ်မီမီဇင်ရှိမနေ……ဒီမိန်းမစောစောစီးစီးဘယ်သွားပါလိမ့်……။တေးရေချိုးအဝတ်စားလဲပြီးအလုပ်ထဲသို့ထွက်ခဲ့သည်။တေးအလုပ်ထဲရောက်တော့ငုဝါလည်းရောက်နေပြီဖြစ်သည်။ငုဝါမျက်နှာသိပ်မလန်းတာကြောင့်