အသက်...တမျှ(၆)

804 81 0
                                    

အသက်...တမျှ
♥️♥️♥️♥️
Les&les story {part...6}

မီမီဇင်မှာတေးကိစ္စပေါ်လာတာကြောင့်အလောတကြီးဆိုင်ထဲမှထွက်ခဲ့သည်။သူမအနှစ်နှစ်အလလရှာဖွေနေသောမောင်လေးရဲ့သဲလွန်စကိုပင်သတိမရနိုင်တော
့။တေးကြီးကြီးမားမားဘာအန္တရာယ်မှမဖြစ်ပါစေနဲ့လို့ကြိတ်ဆုတောင်းနေမိသည်။
ဆေးရုံရောက်တော့ငုဝါကိုတွေ့လိုက်ရသည်။

''တေးအခြေနေဘယ်လိုရှိလဲဟင်''

မမဇင်ပုံမှာပြာယာခက်နေသည်။တေးအပေါ်ထားတဲ့မမဇင်ရဲ့မေတ္တာကိုငုဝါအကြွင်းမဲ့ယုံကြည်မိသည်။တေးသာမမဇင်ကိုအလိုလိုကြည့်မရဖြစ်နေတာ...။
''မစိုးရိမ်ပါနဲ့မမဇင်...ခြေထောက်ပေါ်ကိုအပေါ်ကပျည်ချောင်း
ပြုက်ကျတာပါအရိုးနည်းနည်းထိသွား
ရုံပါပဲ''

မမဇင်တော်ပါသေးရဲ့ဆိုတဲ့ပုံစံလေးနဲ့ရင်ဘက်ကိုဖိလိုက်သည်။
ဆရာဝန်ကြီးရောက်လာကာ...

''ဘာမှစိုးရိမ်စရာမရှိပါဘူးဆေးရုံမှာ
နှစ်ရက်လောက်တော့နားရမယ်''

''ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်''

ဆရာဝန်ကြီးထွက်သွားတော့ငုဝါနဲ့မမဇင်တေးဆီဝင်ခဲ့ကြသည်။
တေးကမမဇင်ကိုမြင်တာနဲ့မျက်နှာကိုတဖက်လှည့်သွားသည်။

''ဘယ်လိုနေသေးလည်းတေး''

''သက်သာပါတယ်...''

''မသေကောင်းမပျောက်ကောင်း
တေးရယ်...မမဇင်အရမ်းစိတ်ပူသွား
တာပဲ''
မမဇင်ရဲ့စကားကိုတေးကဂရုမစိုက်သည့်အလား...ကြည့်ပင်မကြည့်...။တေးကိုကြည့်ပြီးငုဝါအသဲယားလာသည်။

''မမဇင်ပြန်ပြီးတေးရဲ့လိုအပ်တာ
တွေကိုယူလိုက်လေ...ငုဝါစောင့်လိုက်မယ်တေးကို''

''ဖြစ်ပါ့မလား...ငုဝါရယ်...''

''ဖြစ်ပါတယ်တော်ကြာနေဖေဖေနဲ့
မေမေပါရောက်လာတော့မှာပဲစိတ်ချလက်ချပြန်လိုက်နော်မမဇင်''

တေးငုဝါကိုကြည့်ကာအမြင်ကပ်နေမိ
သည်။အဲ့မိန်းမနဲ့ပက်သက်ရင်ပိုကိုပိုလွန်းတယ်။

''တေးမမဇင်ပြန်တော့မယ်နော်
ဘာမှာအုံးမလဲ''

''မမှာတော့ပါဘူး...''

အသက်...တမျှOpowieści tętniące życiem. Odkryj je teraz